Tuttosport က ဖော်ပြထားတာကတော့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လစာ (ယူရို ၃.၈ သန်း)၊ မြန်မာငွေနဲ့ ဆိုရင်တော့ (ကျပ် သန်း ၆ ထောင်နီးပါး) အဖြတ်ခံဖို့အတွက် လက်ခံသွားမှာ ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြသွားလိုက်တာ ဖြစ်ပါတယ်။ အားကစားနယ်ပယ်က အဖွဲ့အစည်းတွေသာမက အားကစားပြင်ပက အဖွဲ့အစည်းတွေဟာလည်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ငွေကြေး အခက်အခဲ ရှိလာပြီး အချို့ ကလပ်အသင်းတွေဆိုရင် အသင်းရဲ့ ကစားသမားတွေ နဲ့ အသင်းရဲ့ ဝန်ထမ်းတွေကို လစာပေးဖို့ အခက်အခဲ ရှိလာခဲ့ပါတယ်။

Photo Credit: AS.Com

အအောင်မြင်ဆုံး အားကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ပေါ်တူဂီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပေါ်တူဂီနိုင်ငံက ဆေးရုံတွေအတွက် ယူရို (၁) သန်း လှူဒါန်းခဲ့ပြီး အခုလည်း ဂျုဗင်တပ်အသင်းက ပေးမယ့် သူ့ရဲ့ လစာကို အဖြတ်ခံမှာ ဖြစ်ပါတယ်။ ဂျုဗင်တပ် ကြယ်ပွင့် ကစားသမား ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်း ခေါင်းဆောင် ချီလီနီရယ်၊ အခြား ဂျုဗင်တပ် အသင်းဖော်တွေနဲ့ လိုင်းပေါ်ကနေ အစည်းအဝေးထိုင် ကစားပြောကြပြီးတဲ့ အချိန်မှာ သူ့ရဲ့ လစာကို ပေါင် (၃.၈) သန်း အဖြတ်ခံဖို့ လက်ခံခဲ့တယ်လို့ သိရှိထားရပါတယ်။

Photo Credit: AS.Com

ဂျုဗင်တပ် ကစားသမား အားလုံးဟာ သူတို့ရဲ့ မတူညီတဲ့ စာချုပ်ကြောင့် လစာ အဖြတ်ခံဖို့ကို အားလုံး သဘောမတူကြသေးပေမဲ့လည်း ဂျုဗင်တပ် အသင်းခေါင်းဆောင် ချီလီနီကတော့ အသင်း ဥက္ကဌ၊ အကြီးတန် ဘောလုံး အရာရှိတို့နဲ့ ဆက်လက် ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ Tuttosport ကတော့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ လစာကို ယူရို (၃.၈) သန်း၊ မြန်မာငွေနဲ့ ပြန်တွက်မယ် ဆိုရင် ကျပ် သန်း (၆) ထောင်နီးပါးကို အဖြတ်ခံဖို့ လက်ခံသွားခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ရော်နယ်ဒိုရဲ့ အသင်းအပေါ် ထားရှိတဲ့ မေတ္တာကို မြင်တွေ့ရပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာလီဂါ ပြိုင်ပွဲ ရီးရဲလ်အသင်းမှာ (၉) နှစ်ခန့်ကြာအထိ ကစားပြီးနောက် စိန်ခေါ်မှုအသစ် ရရှိနိုင်ဖို့အတွက် ဂျုဗင်တပ်အသင်းကို ပြောင်းလာခဲ့ပါတယ်။