ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ညာဖက်ခြေချောင်းမှာ ပျားတုတ်တာ ခံခဲ့ရတာကြောင့် ယနေ့ည၊ ခရိုအေးရှားအသင်းနဲ့ ကစားမယ့် နေရှင်လိဂ်ပွဲစဉ်ကို လွဲချော်သွားဖွယ် ရှိပြီး ကစားနိုင်မှာ မဟုတ်ဘူးလို့ အင်္ဂလန် အခြေစိုက် TheSun သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဖာနန်ဒို ဆန်တို့စ်ရဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းဟာ ယခုလ၊ သြဂုတ်လအတွင်းမှာတော့ ယူအီအက်ဖ်အေ နေရှင်လိဂ် ပွဲစဉ် (၂) ပွဲ ကစားရမှာ ဖြစ်ပြီး ပထမ ပွဲစဉ်ကိုတော့ ယနေ့ည စနေ့ည၊ တနင်္ဂနွေနေ့၊ နံနက်၊(၁း၁၅) အချိန်မှာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

Photo Credit: TheSun

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရွေးစင် သွင်းဂိုး (၉၉) ဂိုး သွင်းယူထားပြီး ဖြစ်တာကြောင့် လက်ရွေးစင် သွင်းဂိုး ရာပြည့်ဂိုး (၁၀၀) ဂိုးကို သွင်းဖို့ နောက်ထပ် (၁) ဂိုးသာ လိုအပ်တော့တာ ဖြစ်ပေမယ့်လည်း လက်ရွေးစင် သွင်းဂိုး (၁၀၀) ပြည့်ဖို့ အချိန် အနည်းငယ် ကြာဦးမှာပဲ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ သွင်းဂိုး အများဆုံး နဲ့ ပေါ်တူဂီ လက်ရွေးစင်အတွက် ပွဲစဉ် အများဆုံး ကစားထားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ နဲ့ အင်္ဂါနေ့မှာ ပေါ်တူဂီအသင်းနဲ့အတူ လေ့ကျင့်ရေး ကောင်းစွာ ဆင်းနိုင်ခဲ့ပေမယ့်လည်း ဗုဒ္စဟူးနေ့မှာ ခြေချောင်းနာကျင်မှု ခံစားခဲ့ရပါတယ်။

Photo Credit: TheSun

ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆန်တို့စ်က တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဒဏ်ရာတွေကို ပိုးသတ်ဆေးနဲ့ ကောင်းစွာ ကုသနေတာ ဖြစ်ပေမယ့်လည်း ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ ကြံခိုင်မှု ပြည့်ဝမလား ဆိုတာနဲ့ ပက်သက်ပြီး သံသယရှိပါတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ နည်းပြ ဆန်တို့စ်က “ရော်နယ်ဒိုအနေနဲ့ ကြံခိုင်မှု ပြည့်မလာ၊ မပြည့်ဘူးလား ဆိုတာနဲ့ ပက်သက်ပြီး ကျွန်တော် အနည်းငယ် သံသယရှိပါတယ်။ သူက တနင်္လာနေ့ နဲ့ အင်္ဂါနေ့မှာ ကောင်းစွာ လေ့ကျင့်ရေး ဆင်းခဲ့ပေမယ့်လည်း ဗုဒ္စဟူးနေ့မှာ သူ့ရဲ့ ခြေချောင်း နာကျင်မှု ခံစားခဲ့ရပါတယ်။ သူ့ရဲ့ နာကျင်မှုက ပျားတုတ်ခံရတာကြောင့် ဖြစ်ပုံပေါ်ပါတယ်။ ဒီဒဏ်ရာကို ပိုးသတ်ဆေးနဲ့ ကုသမှု ပြုလုပ်နေပါတယ်။ ပုံမှန်ပြန်ဖြစ်မယ် ဆိုပေမယ့် ဒါကို အကဲဖြတ်ရပါဦးမယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။