ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ဂေါက်ရိုက် ကစားသမား တိုက်ဂါး ဝုဒ် နဲ့ လက်ဝှေ့ကစားသမား ဖလိုက် မေဝယ်သာ ပြီးရင် ကစားသမားဘဝတစ်လျှောက်မှာ ပေါင် (၁) ဘီလီယံ ရရှိလာတဲ့ တတိယမြောက် အားကစားသမား နဲ့ ပထမဆုံး ဘောလုံးကစား ဖြစ်လာခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ အီတလီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် အသင်းရဲ့ ဝင်ငွေက အရက်နှစ်ကထက် နည်းပါးလာခဲ့ပြီး အသင်းကစားသမားတွေကို လစာ ဖြတ်သွားခဲ့ပေမဲ့လည်း ရော်နယ်ဒိုဟာ ဘောလုံးကစားသမားတွေထဲမှာ အချမ်းသားဆုံး ဖြစ်လာနိုင်ခဲ့ပါတယ်။

Photo Credit: TheSun

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နှစ်မှာ ဂျုဗင်တပ်အသင်းက ရတဲ့ လစာက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီလောက် မရှိပေမဲ့လည်း အခြား လမ်းကြောင်းကနေ ရတဲ့ ဝင်ငွေက အလွန် များတာကြောင့် ပေါင် (၁) ဘီလီယံ ရရှိတဲ့ ပထမဆုံး ဘောလုံး ကစားသမား ဖြစ်လာပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၁၉) ခုနှစ် တစ်နှစ်တည်းမှာတင် ယူရို သန်း (၁၀၀) ရရှိခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လစာ (၃) လကြာ အဖြတ်ခံခဲ့ရပေမဲ့လည်း ဘယ်သူမှ မလုပ်ဆောင်နိုင်ခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ်ကို ပထမဆုံး ပြုလုပ်တဲ့ ဘောလုံး ကစားသမား ဖြစ်လာပါတယ်။

Photo Credit: TheSun

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် ကလပ်အသင်းက ရရှိတဲ့ ဝင်ငွေ ပို နည်းပါးခဲ့တာ ဖြစ်ပေမဲ့လည်း ဘောလုံး ကစားသမား အဖြစ် ကစားတာ (၁၈) ရာသီတောင် ရှိနေပြီ ဖြစ်တာကြောင့် အခြား ဘောလုံး ကစားသမားများထက် ငွေကြေး ပိုရှိနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ချက်စတာ ယူနိုက်တက်အသင်း၊ လာလီဂါ ပြိုင်ပွဲက တော်ဝင် ရီးရဲလ် မက်ဒရစ်အသင်း နဲ့ လက်ရှိမှာကတော့ စီးရီးအေ ပြိုင်ပွဲက ဂျုဗင်တပ်အသင်းမှာ ကစားနေပြီး ကလပ်အသင်းဝင်ငွေထက် အခြား ဝင်ငွေက ပိုများပါတယ်။ ပေါ်တူဂီသား ရော်နယ်ဒိုဟာ ကစားသမားဘဝ တစ်လျှောက်မှာ တစ်ကိုယ်တော် အောင်မြင်မှု နဲ့ အသင်းလိုက် အောင်မြင်မှုကို အများကြီး ရရှိထားပြီး အကောင်းဆုံးလို့ သတ်မှတ်ခံနေရပါတယ်။