ပြီးခဲ့တဲ့ တနင်းလာနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပသွားမယ့် ၂၀၂၁ခုနှစ် ဘာလွန်းဒေါဆုပေးပွဲအတွင်းမှာ ဘာလွန်းဒေါဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ သူရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုထက် (၂)ကြိမ် အသာစီးရယူနိုင်ခဲ့ပြီး (၇)ကြိမ်မြောက်အဖြစ် ဘာလွန်းဒေါဆုကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပေမယ့်လည်း ဘာလွန်းဒေါဆုပေးပွဲရဲ့ သမိုင်းတလျှောက် အမှတ်အများဆုံး ကစားသမားအဖြစ်နဲ့တော့ ရေ်ာနယ်လ်ဒိုက ရပ်တည်နေခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

ကမ္ဘာပေါ်က အကောင်းဆုံး ဘောလုံးသမားတွေကို ရွေးချယ်ပြီး နှစ်စဉ်နှစ်တိုင်း ပေးအပ်လေ့ရှိတဲ့ ဘာလွန်းဒေါဆုကို အကြိမ်အများဆုံးအဖြစ် ပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၂၀၀၈ခုနှစ်နောက်ပိုင်းကတည်းက ဘာလွန်းဒေါဆုအပေါ် အတော်လေးကို လွှမ်းမိုးထားခဲ့ပြီး ဆယ်စုနှစ်တစ်ခုထိ ဒီဆုပေးပွဲအတွင်းမှာ လွှမ်းမိုးထားတာဖြစ်လို့ သူတို့ရဲ့ ဘာလွန်းဒေါ ရမှတ်တွေက တခြားကစားသမားတွေထက်ကို များပြားလွန်းနေပြီး ဒီကစားသမားနှစ်ယောက်ကြားမှာတော့ ရော်နယ်လ်ဒိုက ရမှတ်ပေါင်း (၃၇၈၁)မှတ်အထိ ရယူထားနိုင်ပြီး မက်ဆီကတော့ (၃၅၃၇)မှတ် ရရှိထားတာကြောင့် ရော်နယ်လ်ဒိုက အမှတ်အများဆုံးအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

Photo Credit : BenchWermers

ဘာလွန်းဒေါဆုကို (၅)ကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၀၈ခုနှစ်ကနေစတင်ပြီး ဒီဆုကို ပိုင်ဆိုင်နိုင်ခဲ့သလို ၂၀၁၃ ၂၀၁၄နဲ့ ၂၀၁၆ ၂၀၁၇ခုနှစ်တွေမှာ (၂)နှစ်ဆက်တိုက် (၂)ကြိမ်စီနဲ့ စုစုပေါင်း (၅)ကြိမ်စီ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်မှာ ရော်နယ်လ်ဒိုရဲ့ အသင်းဖော်ဟောင်း လူကာမိုဒရစ်က ဘာလွန်းဒေါဆုကို တစ်ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပြီး ၂၀၀၉ ၂၀၁၀ ၂၀၁၁ ၂၀၁၂ ၂၀၁၅ ၂၀၁၉ နဲ့ ၂၀၂၁ (၂၀၂ဝက ကိုဗစ်ကြောင့် မကျင်းပဖြစ်ခဲ့) ခုနှစ်တွေမှာ မက်ဆီကပဲ ဘာလွန်းဒေါဆုတွေကို သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ဘာလွန်းဒေါဆုပေးပွဲမှာ ဆုပေးပွဲ သမိုင်းတလျှောက် ဒုတိယ အအောင်မြင်ဆုံး ကစားသမားဖြစ်တဲ့ ရော်နယ်လ်ဒိုက အဆင့်(၆)နေရာနဲ့ ရပ်တည်နေရတာကြောင့် (၁၁)နှစ်တာ ကာလအတွင်း ဘာလွန်းဒေါ Top Five Lists အပြင်ကို ရောက်ရှိခဲ့ရတာ ဖြစ်သလို သူရဲ့အဓိကပြိုင်ဘက် မက်ဆီနဲ့ ဘာလွန်းဒေါဆု အရေအတွက်ချင်းမှာလည်း ပိုမိုကွာဟသွားခဲ့ရပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ်အတွင်း လက်ရွေးစင်အသင်းနဲ့အတူ သွင်းဂိုးတွေများစွာ ရယူနိုင်ခဲ့တာကြောင့် နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တစ်ခု တင်ရှိနိုင်ခဲ့ပေမယ့်လည်း ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခြင်း မရှိတာကြောင့် အခုလို အဆင့်သတ်မှတ်ချက် နိမ့်ကျသွားခဲ့ရတာ ဖြစ်ပါတယ်။