အီတလီနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ဂျုဗင်တပ်စ်အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်လျက်ရှိနေတဲ့ ပေါ်တူဂီတိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုဟာ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ အားကြိုးမာန်တတ် လေ့ကျင့်လျက်ရှိနေသလို သူရဲ့ ထုံးစံအတိုင်း သူရဲ့ ဆံပင်ပုံစံကိုလည်း ပုံစံတစ်မျိုး ပြောင်းလဲပစ်လိုက်ပါတယ်။ အခု ရော်နယ်ဒိုရဲ့ ဆံပင်ပုံစံသစ်ဟာ လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်လောက်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့ ပွဲဦးထွက်စဉ် ဆံပင်ပုံစံမျိုးနဲ့ ခပ်ဆင်ဆင် ဖြစ်နေတာကြောင့် ယူနိုက်တက်ပရိသတ်တွေက ရော်နယ်ဒိုရဲ့ ကေအသစ်ကို တအားတွေ သဘောကျနေကြပါတယ်။

Photo Credit : The Sun

အသက်(၃၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့အင်စတာဂရမ်မှာ သူရဲ့ ဆံပင်ဒီဇိုင်းသစ်ဖြစ်တဲ့ မျက်နှာညာခြမ်းမှာ ဆံပင်ရှေ့ချထားတဲဲ့ပုံစံကို ရော်နယ်ဒိုပရိသတ်တွေက သဘောကျနေကြပြီး အဓိက ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေက ပိုမိုနှစ်သက်နေကြပါတယ်။ ဘာကြောင့်လဲ ရော်နယ်ဒိုရဲ့ ဆံပင်ပုံစံအသစ်က ယူနိုက်တက်နဲ့ ပွဲဦးထွက်ခဲ့စဉ်တုန်းက ပုံစံနဲ့ ခပ်ဆင်ဆင်ဖြစ်နေသလို သူရဲ့ မျက်နှာအသွင်အပြင်မှာလည်း (၁၅)နှစ်ကျော် ကြာလောက်တဲ့အထိတောင် နုပျိုနေဆဲဖြစ်သေးတာကြောင့်မို့ ပရိသတ်တွေက ဝိုင်းသဘောကျနေရတာပဲဖြစ်ပါတယ်။

Photo Credit : The Sun

ရော်နယ်ဒိုရဲ့ ဆံပင်ဒီဇိုင်းသစ်နဲ့ပတ်သက်ပြီး ပရိသတ်တွေက မှတ်ချက်(Comments)တွေ ဝင်ရောက်ရေးသားကြပြီး “ဗားရှင်းအဟောင်း ရော်နယ်ဒို ပြန်လည်ရောက်ရှိလာပါပြီ” “ရော်နယ်ဒိုအနေနဲ့ ဆံပင်အရှည်ကိုပဲ ဆက်ထားသင့်တယ်။ ဒါက အတိတ်ကို တသသဖြစ်နေစေတယ်” “ဒီဆံပင်ပုံစံအသစ်ကို အရမ်းချစ်မြတ်နိုးတာပဲ” “ဟာ ဒီဆံပင်ပုံစံအသစ်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ရော်နယ်ဒိုရဲ့ မျက်နှာပုံစံကို ပြန်လည်ခေါ်ဆောင်လာသလိုပဲ။ သူ အရမ်းကို ကြည့်ကောင်းနေပြန်ပြီ” ဆိုတဲ့ Comments များကို သူရဲ့ဓါတ်ပုံအောက်မှာ မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ဂျုဗင်တပ်စ်အသင်းဖော်ဖြစ်တဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာကတော့ ရော်နယ်ဒို ဆံပင်ဒီဇိုင်းသစ်ကို လှောင်ပြောင်ကျီစယ်သွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျုဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၅)ဂိုး ရယူနိုင်ခဲ့ပြီး စီးရီးအေမှာတော့ သွင််းဂိုး(၂၁)ဂိုး ရယူနိုင်ခဲ့ကာ ထိပ်ဆုံးနေရာက လာဇီယိုတိုက်စစ်မှူး အမ်မိုဘီလီနဲ့ (၆)ဂိုးအထိကို ကွာဟလို့နေပါတယ်။