မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ ဗြိတိန်ရဲ့ နာမည်ကျော် အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Sky Sports ရုပ်သံနဲ့ အင်တာဗျူး ပြုလုပ်နေစဉ်အတွင်းမှာ သူအနေနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိနေတာက အဆင့်(၅၊၆၊၇)နေရာကို တိုက်ပွဲဝင်ဖို့အတွက် မဟုတ်ပဲ အနည်းဆုံး အဆင့်(၃)အတွင်း ဝင်ရောက်နိုင်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : The Mirror

အသင်းရဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုက “ကျွန်တော်တို့တွေ လက်ရှိမှာ အရာတွေ အများကြီးကို ပြောင်းလဲနိုင်နေပါပြီ။ ဒါပေမယ့် ကျွန်တော်က နည်းပြတစ်ဦး မဟုတ်ပဲနဲ့ ကစားသမားတစ်ယောက်သာ ဖြစ်နေတာကြောင့်မို့ တိကျတဲ့ နည်းလမ်းတွေကိုတော့ ကျွန်တော် မသိပါဘူး။ တကယ်လို့ ကျွန်တော်က ဒီနည်းလမ်းတွေကို သိနေတယ်ဆိုရင်တောင် ထုတ်ဖော်ပြောဆိုဖို့က ကျင့်ဝတ်တွေနဲ့ မညီမှာဆိုတော့ ပြောလို့ မရပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း အရေးပါတဲ့ ဆုဖလားတွေနဲ့ သက်ဆိုင်နေသေးတာဖြစ်လို့ ကျွန်တော်တို့တွေ ပြောင်းလဲနိုင်ရမယ်။ ကလပ်အသင်းကိုလည်း အဆင့်(၅)(၆)(၇) နေရာတွေအတွက် တိုက်ပွဲဝင်နေတာမျိုးတွေ မဖြစ်စေချင်ပါဘူး”

Photo Credit : BeSoccer

“ကျွန်တော် ဒီကို ရောက်ရှိနေတာက နိုင်ပွဲတွေ ရယူဖို့ ယှဉ်ပြိုင်ကြဖို့အတွက်ပါပဲ။ ကျွန်တော်တို့တွေ ဒီလိုယှဉ်ပြိုင်နိုင်မယ်လို့ ထင်ထားရပေမယ့် လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အနေအထားကို မရောက်ရှိနေပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ တိုးတတ်လာဖို့ ရှိနေသေးတဲ့အပြင်ကို ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေကို ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့တွေဆီမှာ မှန်ကန်တဲ့ ခံယူချက်တွေ စိတ်နေစိတ်ထားတွေ ရှိနေရမယ်။ ပွဲတစ်ပွဲအတွင်း ရုန်းကန်မှုတွေ ရှိလာတဲ့အခါမျိုးမှာ ဒါတွေကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့် ဖြစ်နေရပါမယ်။ အားလုံးကလည်း ဒီကလပ်အသင်းကို မန်ချက်စတာယူနိုက်တက်လို့ ခေါ်ဆိုနေကြသလို ကျွန်တော်တို့ အားလုံးကလည်း တညီတညွတ်တည်း ရှိနေရမယ်။ ကွင်းထဲမှာ ယှဉ်ပြိုင်ကစားနေတဲ့ချိန် မှန်ကန်တဲ့ စိတ်ထားမျိုး ရှိနေမှသာ ဒီနစ်က အသုံးဝင်မှာ။ ကျွန်တော့်အတွက် အရေးကြီးဆုံး အရာဆိုရင်တော့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး ဒီထက်ပိုကောင်းလာအောင် လုပ်နိုင်တယ်လို့ ပြောဆိုဖို့ ကြိုးစားဖို့ပါပဲ။ ကျွန်တော်တို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး(၃)သင်းထဲ ဝင်ရောက်နိုင်ဖို့ စိတ်ဓါတ်မျိုး ရှိမနေတာကိုတော့ ကျွန်တော် ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။