MySport Myanmar

ဘိုင်ယန်မြူးနစ် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တဲ့ ရော်နယ်လ်ဒို

မနေ့က ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ်ရင်း မန်ချက်စတာယူနိုက်တက်အသင်း တာဝန်ရှိသူတွေ အသင်းနည်းပြတွေ နည်းပြဟောင်းတွေနဲ့ သူရဲ့အသင်းဖော်ဟောင်း ဝိန်းရူနီတို့နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ဘိုင်ယန်မြူးနစ် အသင်းတာဝန်ရှိသူများနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ရတဲ့ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ ရော်နယ်လ်ဒိုက ယူနိုက်တက်ဘက်က သူ့ကို သစ္စာဖောက်သလို ခံစားမိခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး သူရဲ့ ပြောဆိုမှုတွေကြောင့် ယူနိုက်တက်အသင်းက သူ့ကို အရေးယူသွားဖို့ လုပ်ဆောင်တော့မှာ ဖြစ်သလို လာမယ့် ဆောင်းဈေးကွက်မှာလည်း အသင်းကနေ ရှင်းထုတ်သွားဖို့က သေချာသလောက် ရှိလာခဲ့ပါတယ်။ ရော်နယ်လ်ဒိုဘက်ကလည်း အခုလိုတွေ ထွက်ဆိုထားခဲ့တာကြောင့် လာမယ့် ဈေးကွက်ထဲမှာ အသင်းအပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ထားမှာ သေချာနေပြီး သူရဲ့ အင်တာဗျူး မထွက်လာခင်မှာပဲ ဘိုင်ယန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

Sportsmail ရဲ့ ဖော်ပြချက်တွေအရ ရော်နယ်လ်ဒိုနဲ့ သူရဲ့အေးဂျင့် ဂျော့မန်ဒက်စ်တို့ဟာ ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ အင်္ဂလန်နိုင်ငံမှာ ဆုံတွေ့ဖြစ်ခဲ့ပြီး ရော်နယ်လ်ဒို အပြောင်းအရွှေ့နဲ့ ပတ်သတ်ကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်လ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီ မစတင်ခင်ကတည်းက ဘိုင်ယန်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ဘိုင်ယန်ရဲ့ အမှုဆောင်အရာရှိချုပ် အိုလီဗာခမ်းကိုယ်တိုင်က သူတို့အသင်းက ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့်လည်း အသင်းရဲ့ အတွေးအခေါ်နဲ့ မကိုက်ညီတာကြောင့် မခေါ်ခဲ့တာလို့ ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လီဝန်ဒေါစကီးနေရာ ဝင်ရောက်လာခဲ့တဲ့ ဆာဒီယိုမာနေးရဲ့ ကြံခိုင်မှု အခြေအနေနဲ့ လတ်တလော ခြေစွမ်းပြနေတဲ့ ချူပ်ိုမိုတင်းရဲ့ အနာဂတ် အခြေအနေတွေကြောင့် ဆောင်းဈေးကွက်ထဲမှာ ရော်နယ်လ်ဒိုလို အတွေ့အကြုံရှိ တိုက်စစ်ကစားသမားတစ်ဦးကို အားဖြည့်သွားချင်နေတာဖြစ်ပြီး တကယ်လို့သာ ဘိုင်ယန်က ရော်နယ်လ်ဒိုကို အရ ခေါ်နိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာပဲ မက်ဆီ-ရော်နယ်လ်ဒိုတို့ အားပြိုင်မှုကို ထပ်မံ ရှစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version