MySport Myanmar

ယူနိုက်တက် ယူ-၁၂အသင်းအတွက် ဂိုးတွေ သွင်းယူခဲ့ကြတဲ့ ခရစ္စတီယာနိုဂျူနီယာနဲ့ ကိုင်းရွန်းနီ

တချိန်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အတူတွဲဖက်ပြီး အသင်းအတွက် သွင်းဂိုးတွေများစွာ သွင်းယူနိုင်ခဲ့ကြသလို အသင်းအတွက် ဆုဖလားတွေကိုပါ ရယူပေးနိုင်ခဲ့ကြတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ဝိန်းရွန်နီတို့ဟာ အခုအချိန်မှာတော့ ရော်နယ်လ်ဒိုသာ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းနေတာ ဖြစ်ပေမယ့် ရွန်းနီက နည်းပြတစ်ဦး ဖြစ်နေရပြီး သူတို့ရဲ့ မျိုးသစ်လေးတွေဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာနဲ့ ကိုင်းရွန်းနီတို့ကတော့ ယူနိုက်တက် လူငယ်အသင်းမှာ အတူပါဝင်ကစားနေကြသလို ဖခင်တွေရဲ့ခြေရာကိုပါ လိုက်နင်းနိုင်မယ့် အလားအလာကောင်းတွေ ရှိနေကြပါတယ်။

Photo Credit : Daily Mail

ရော်နယ်လ်ဒိုနဲ့ ရွန်းနီတို့ရဲ့့ မျိုးဆက်သစ်လေးတွေဖြစ်တဲ့ ခရစ္စတီယာနို Jr နဲ့ ကိုင်းရွန်းနီတို့ဟာ ယူနိုက်တက် ယူ-၁၂အသငး်နဲ့ ဝက်စ်ဘရွန်း ယူ-၁၂အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အသင်းအတွက် သွင်းဂိုးတွေကို ကိုယ်စီ သွင်းယူပေးနိုင်ခဲ့ကြပါတယ်။ အသက်(၁၁)နှစ်သာ ရှိနေသေးတဲ့ ခရစ္စတီယာနို Jr လေးဟာ ဒီရာသီမှ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာတဲ့ ဖခင်ရော်နယ်လ်ဒိုကြောင့် ယူနိုက်တက် လူငယ်အသင်းမှာ ပါဝင်ကစားနေရတာ ဖြစ်သလို အသက်(၁၂)နှစ် ရှိပြီဖြစ်တဲ့ ကိုင်းရွန်းနီမှာလည်း (၁၁)နှစ် အရွှယ်မှာကတည်းက ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : 90Min

အခုဆိုရင် ခရစ္စတီယာနိုလေးနဲ့ ကိုင်းတို့နှစ်ဦးဟာ သူတို့ရဲ့ဖခင်တွေလို ယူနိုက်တက်အသင်းမှာ တွဲဖက်ကစားနေရပြီး သွင်းဂိုးတွေပါ သွင်းယူလာနိုင်ခဲ့လို့ ဖခင်တွေ ခေတ်အလွန်မှာ သူတို့ဖခင်တွေရဲ့ ခြေရာကို လိုက်နင်းနိုင်ဖွယ် ရှိနေတယ်လို့ပါ သတ်မှတ်ခံထားရတဲ့ ကြယ်ပွင့်လေးတွေ ဖြစ်နေပါတယ်။ ရော်နယ်လ်ဒိုနဲ့ ရွန်းနီတို့နှစ်ဦးမှာလည်း အဲဗာတန်ကနေ ယူနိုက်တက်အသင်းဆီ ဝိန်းရွန်းနီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ၂၀၀၄ခုနှစ်ကနေ ရော်နယ်လ်ဒို ယူနိုက်တက်ကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ၂၀၀၉ခုနှစ်အထိ ယူနိုက်တက်အသင်း တိုက်စစ်ပိုင်းမှာ အကောင်းဆုံး တိုက်စစ်အတွဲအဖက်တွေအဖြစ် တွဲဖက်ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုနဲ့ ရွန်းနီတို့နှစ်ဦးဟာ ၂၀၀၈ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဆုဖလားကြီးကို ရယူပိုင်ဆိုင်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ (၃)ရာသီဆက်တိုက်အထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အသက်(၃၇)နှစ် ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုက ယူနိုက်တက်မှာသာ ဆက်လက်ကစားနေသလို ရွန်းနီကတော့ နည်းပြဘဝကို ပြောင်းလဲပြီး ဒါဘီကောင်တီအသင်းရဲ့ နည်းပြတစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွှက်လျက် ရှိလို့နေပါတယ်။

Exit mobile version