အီတလီ သတင်းစာ Tuttosport ကတော့ တနင်္လာနေ့ ထုတ်ပြန်ခဲ့တဲ့ သတင်းစာမှာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၁၀) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း (၁၀) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ရမှတ် (၁၁) မှတ်အထိ ဆုံးရှုံးခဲ့တာကြောင့် ဒေါကန်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဗီရိုနာအသင်းကို (၂-၁) နဲ့ ရှုံးခဲ့ရတဲ့ ပွဲစဉ်မှာ စီးရီးအေ ပွဲစဉ် (၁၀) ပွဲဆက်မြောက် ဂိုးသွင်းခဲ့ပြီး ပွဲစဉ် (၁၀) ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဂျုဗင်တပ် ကစားသမား ဖြစ်ပါတယ်။

Photo Credit: As

တိုက်စစ်မှူး ရော်နယ်ဒိုဟာ စီးရီးအေ ပွဲစဉ် (၁၀) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ သူ ဂိုးသွင်းနိုင်ခဲ့တဲ့ ပွဲစဉ် (၁၀) ပွဲဆက်မှာ နိုင်ပွဲ အားလုံး မရနိုင်ခဲ့ဘဲ ရှုံးပွဲ နဲ့ သရေပွဲတွေ ရှိနေခဲ့တာကြောင့် ရမှတ် ဆုံးရှုံးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဗီရိုနာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ ဒေါသထွက်နေတာ သိသာနေခဲ့ပြီး ပွဲအပြီးမှာ ပွဲကြည့်စင်က ပရိသတ်တွေကို နှုတ်မဆက်သွားခဲ့သလို သူနဲ့ ဓါတ်ပုံ တွဲရိုက်ဖို့ ရောက်လာကြာတဲ့ ပရိသတ်တွေကိုလည်း ဓါတ်ပုံတွဲရိုက်ဖို့ ငြင်းပယ်သွားခဲ့ပါတယ်။

Photo Credit: As

ဗီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် အပြီးမှာ ရော်နယ်ဒိုက “ဒီရလဒ်က ကျွန်တော်တို့ လိုချင်တဲ့ ရလဒ် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ဆက်ကြိုးစားရပါမယ်”လို့ ပြောခဲ့ပါတယ်။ အီတလီ သတင်းစာ Tuttosport က ရော်နယ်ဒိုဟာ သူ ဂိုးသွင်းခဲ့တဲ့ ပွဲစဉ် (၁၀) ပွဲဆက်မှာ ရမှတ် (၁၁) မှတ် ဆုံးရှုံးရပြီး ဂိုးကွာခြားချက်နဲ့ အဆင့် (၂) နေရာကို ရောက်သွားတာကြောင့် ဒေါကန်နေတယ်လို့ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။