ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ မိခင် ဖြစ်သူ ဒီုလာရီကို မိခင်များနေ့ လက်ဆောင် အဖြစ် အလွန် လှပတဲ့ မာစီးဒီးကား အနက်ရောင်ကို လက်ဆောင်ပေးခဲ့ပြီး မာစီးဒီးကားရဲ့ မူရင်း တန်ဖိုးကို မဖော်ပြထားတာကြောင့် ဘယ်လောက် တန်ဖိုး ရှိသလဲ ဆိုတာကို မသိရတာ ဖြစ်ပါတယ်။ အသက် (၆၅) နှစ်အရွယ် ရော်နယ်ဒိုရဲ့ မိခင် ဖြစ်သူ ဒီုလာရီဟာ မာစီးဒီးကား အနက်ရောင်ရဲ့ ဘေးမှာ မတ်တပ်ရပ်ပြီး ပန်းစည်း ကိုင်ထားလျက် ရိုက်ထားတဲ့ ပုံကို လှုမှုကွန်ရက်ပေါ်မှာ တင်သွားတဲ့ အချိန်မှာ “မိခင်များ အားလုံး ပျော်ရွင်စရာ မိခင်များနေ့ပါ”လို့ ပေါ်တူဂီလို ထည့်ရေးသားသွားခဲ့ပါတယ်။

Photo Credit: The Sun

မိခင်ဖြစ်သူ ဒီုလာရီဟာ အနက်ရောင် မာစီးဒီးကားနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံကို တင်တဲ့ အချိန်မှာ သူမက “ကျွန်မရဲ့ ကလေးတွေဆီကနေ ဒီနေ့အထိ လက်ခံရရှိခဲ့တဲ့ လက်ဆောင်တွေအတွက် ကလေးတွေကို အလွန် ကျေးဇူးတင်ပါတယ်။ မိခင်များအားလုံး ပျော်စရာ မိခင်များနေ့ပါ”လို့ ရေးသားသွားခဲ့ပြီး သမီးဖြစ်သူ ကာတီယာကလည်း ကွန်မန့်ဝင်ရေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီုလာရီရဲ့ သမီး ဖြစ်သူ ကာတီယာက “အမေက ကမ္ဘာကြီးနဲ့တောင် ထိုက်တန်တာပါ။ သမီးတို့ အားလုံးက အမေ့ကို ဂရုစိုက်ဖို့ ရှိနေကြတာပါ။ ပျော်ရွင်စရာ နေ့ရက်ပါ”လို့ ဝင်မန့်ခဲ့ပါတယ်။

Photo Credit: The Sun

ရော်နယ်ဒိုဟာ လှုမှုကွန်ရက်မှာ သူ့ရဲ့ ချစ်သူ ဂျော်ဂျီယာနာက သူ့ကို နမ်းနေတဲ့ ပုံကို တင်သွားခဲ့ပြီး သူ့ရဲ့ ကလေးတွေကို မွေးပေးခဲ့တဲ့ သူ့ရဲ့ ချစ်သူကိုရော သူ့ကို မွေးပေးခဲ့တဲ့ သူ့ရဲ့ အမေကိုရော နှစ်ယောက်စလုံးကို ရင်ထဲ ထိသွားစေမယ့် စာသားလှလှလေးတွေနဲ့ ဂုဏ်ပြုပေးသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လူမှုကွန်ရက်မှာ သူ့ရဲ့ ချစ်သူ ဂျော်နီယာနာကို နမ်းနေတဲ့ ပုံကို တင်တဲ့ အခါမှ သူက “ကျွန်တော့်အတွက် အထူး စပယ်ရှယ် ဖြစ်ကြတဲ့ အမျိုးသမီး နှစ်ဦးစလုံး ပျော်ရွှင်ဖွယ်ရာ ကောင်းတဲ့ မိခင်များနေ့ပါ”လို့ ရေးသားလျက် ပြိုင်တူ ဂုဏ်ပြုသွားလိုက်တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ မိခင် ဖြစ်သူ ဒီလာရီဟာ အယ်လ်မာ နဲ့ ကီတီယာလို့ အမည်ရတဲ့ သမီးနှစ်ဦး နဲ့ သားနှစ်ယောက် ရှိပြီး လက်ရှိမှာတော့ ပေါ်တူဂီနိုင်ငံမှာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိပါတယ်။