ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ နေရပ်မြို့၊ ပေါ်တူဂီနိုင်ငံ၊ မက်ဒီးရားမြို့ကနေ အီတလီနိုင်ငံကို ပြန်သွားခဲ့ပြီ ဖြစ်တာကြောင့် မကြာခင် ဂျုဗင်တပ်အသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မှာ ဖြစ်ပြီး လေ့ကျင့်ရေး ပြန်မဆင်းခင် တစ်ဦးတည်း သီးခြားနေရမှာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံကနေ အီတလီနိုင်ငံကို ပြန်ရောက်တဲ့ အခါ အီတလီနိုင်ငံမှာ (၁၄) ရက်ကြာ သီးခြားနေရမှာ ဖြစ်ပြီး (၁၄) ရက်ကြာ သီးခြားနေပြီးတဲ့နောက် လာမယ့် မေလ (၁၈) ရက်နေ့က စပြီး ဂျုဗင်တပ်အသင်းနဲ့ အတူ လ့ကျင့်ရေး ပြန်ဆင်းနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit: Marca

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လက ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် စီးရီးအေ ပြိုင်ပွဲကို ရပ်နားခဲ့ရတဲ့ အချိန်မှာ အီတလီနိုင်ငံကနေ ပေါ်တူဂီနိုင်ငံကို ပြန်ခဲ့ပြီး ပေါ်တူဂီနိုင်ငံက သူ့ရဲ့ နေရပ်မြို့မှာ (၂) ပတ်ကြာ နေပြီးတဲ့နောက် အီတလီနိုင်ငံကို ပြန်သွားရတာ ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံ အခြေစိုက် ဒေသသတင်းတွေက ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီ စံတော်ချိန် (၁၉း၀၀) အချိန်မှာ “Gulfstream G200 Galaxy Jet” လို့ အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင် ဂျက် လေယာဉ်နဲ့ ပေါ်တူဂီနိုင်ငံက စတင် ထွက်ခွာခဲ့တယ်လို့ ဖော်ပြသွားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Marca

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ အီတလီနိုင်ငံကို ပြန်ရောက်တဲ့ အချိန်မှာ (၁၄) ရက်ကြာ သီးခြားနေရမှာ ဖြစ်တာကြောင့် ချက်ချင်း လေ့ကျင့်ခန်း ဆင်းနိုင်မှာ မဟုတ်ဘဲ (၁၄) ရက်ကြာ သီးခြားနေပြီးနောက် (၁၈) ရက်နေ့မှသာ လေ့ကျင့်ရေး ပြန်ဆင်းရဖွယ် ရှိပါတယ်။ ဂျုဗင်တပ်အသင်းဟာ လေ့ကျင့်ရေး ပြန်မဆင်းခင်မှာ အသင်းရဲ့ ကစားသမားတွေကို ကိုရိုနာ ရောဂါ ရှိ၊ မရှိ အရင် ဆေးစစ်သွားမှာ ဖြစ်ပြီး ဂျုဗင်တပ် ကစားသမားတွေထဲမှာ ရူနီဂါ၊ ဒီဘာလား နဲ့ မာတူဒီတို့က ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံခဲ့ကြရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာ ကိုရိုနာ ဗိုင်းရပ် စတင် ကူးစက်ခံရတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာ အသင်းရဲ့ ကစားသမားတွေနဲ့ အတူ လေ့ကျင့်ရေး ပြန်စတင်တော့မှာပဲ ဖြစ်ပါတယ်။