ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သီးခြားခွဲနေထိုင်ကြရတဲ့ အချိန်မှာ သူ့တူမရဲ့ မွေးနေ့ကို လူစုလူဝေးနဲ့ ကျင်းပပေးခဲ့တာကြောင့် ပေါ်တူဂီနိုင်ငံ အခြေစိုက် သတင်းမီဒီယာ နဲ့ ပေါ်တူဂီ နိုင်ငံ ပြင်ပ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ရော်နယ်ဒိုဟာ သူ့တူမရဲ့ မွေးနေ့ကို လူစုလူဝေးနဲ့ ကျင်းပပေးတာကြောင့် ဝေဖန်မှု ခံနေရသလို ပြီးခဲ့တဲ့ လကလည်း သီးခြားနေကြရတဲ့ အချိန်မှာ သူ့ရဲ့ ဇိမ်ခံအိမ်ထဲက ရေကန်ကူးမှာ ရိုက်ထားတဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာကြောင့် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရဖူးတာ ဖြစ်ပါတယ်။

Photo Credit: Marca

ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အလီစီယာ (Alicia) လို အမည်ရတဲ့ သူ့တူမရဲ့ မွေးနေ့ကို မိသားစုဝင်တွေနဲ့ အတူ ကျင်းပေးခဲ့တာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သီးခြားနေရတဲ့ အချိန်မှာ မွေးနေ့ပွဲကို မကျင်းပေးသင့်ဘူးလို့ သတင်း မီဒီယာတွေက ဝေဖန်သွားခဲ့ ကြပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ လက်ရှိမှာ ပေါ်တူဂီနိုင်ငံမှာ ရှိနေပြီး ပေါ်တူဂီနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်ပြီး ပေါ်တူဂီ နိုင်ငံသူ/သားတွေအနေနဲ့ အိမ်ထဲမှာ နေဖို့၊ လူစုလူဝေးနဲ့ မနေဖို့ သတိပေးခံရတာ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမဲ့လည်း ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အနည်းဆုံး လူ (၁၈) ယောက်ခန့် ပါဝင်တဲ့ မွေးနေ့ပွဲကို ကျင်းပပေးခဲ့တာကြောင့် ပေါ်တူဂီ အစိုးရရဲ့ ထုတ်ပြန်ချက်ကို ဆန့်ကျင်သွားသလို ဖြစ်ခဲ့ပြီး ဒေသခံ သတင်းမီဒီယာတွေ နဲ့ ကမ္ဘာ့ သတင်း မီဒီယာတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ မွေးနေ့ပွဲ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်ခံရတဲ့ အချိန်မှာ သူရဲ့ တူမ ဖြစ်သူ အလီစီယာက “မိသားစုတွေ သီးခြားနေကြတယ် ဆိုရင်တော့ ရှင်တို့လည်း ရှင်တို့ရဲ့ မွေးနေ့ပွဲကို ကောင်းမွန်စွာ ကျင်းပနိုင်ပါတယ်”လို့ ဝေဖန်ခံနေရတာတွေ အားလုံးကို ပြန်လည် ထိပ်တိုက်တုံ့ပြန်သွားပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ မတ်လ (၉) ရက်နေ့မှာ အီတလီနိုင်ငံကနေ ပေါ်တူဂီနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အနေအထိုင်ကြောင့် ဝေဖန်မှုတွေ များသထက် များလာပါတယ်။