MySport Myanmar

Viewers တွေ အူကြောင်ကြောင် ဖြစ်ခဲ့ရတဲ့ ရော်နယ်လ်ဒိုရဲ့ အင်စတာဂရမ် Live ဗီဒီယို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒိုက ရေနွေး ရေချိုးကန်အတွင်း အပေါ်အဝတ်ဗလာနဲ့ အင်စတာဂရမ် Live လွှင့်ခဲ့ရာ ဝင်ရောက်ကြည့်ရှုသူပေါင်း (၇)သိန်းနီးပါးလောက် ရှိပေမယ့် ရော်နယ်လ်ဒိုကတော့ ဒီ Live ဗီဒီယိုထဲမှာ စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိပဲ Live ကို မိနစ်ပိုင်းလေးနဲ့ အဆုံးသတ်ခဲ့တာကြောင့် Viewers အားလုံး အူကြောင်ကြောင် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

အင်စတာဂရမ်ပေါ်မှာ Followers အရေအတွက်ပေါင်း သန်း(၄၀၀) ပြည့်မြောက်တဲ့ သူအဖြစ် မှတ်တမ်းဝင်ထားခဲ့ရတဲ့ GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည သူ့နေအိမ်မှာရှိတဲ့ ရေနွေး ရေချိုးကန်းအတွင်း အနားယူနေရင်း အင်စတာဂရမ်ပေါ်မှာပါ Live ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ရာ Viewers တွေကို စကားပြောဆိုခြင်း မရှိပဲ တိတ်ဆိတ်နေခဲ့သလို တချက်တချက်မှာပဲ Viewers တွေ ရေးသားထားတာတွေကို ဖတ်ကြည့်ရင်း ရယ်မောမှု အနည်းငယ်သာ ပြုလုပ်ခဲ့သွားခဲ့တာကြောင့် Viewers အများစုက စိတ်ရှုပ်ထွေးသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ရော်နယ်လ်ဒိုရဲ့ အင်စတာဂရမ် Live ထဲကို သူရဲ့အသင်းဖော်ဟောင်းဖြစ်သူ ရီယိုဖာဒီနန်ပါ ဝင်ရောက်ကြည့်ရှုုခဲ့ပြီး “မင်းဘာလုပ်နေတာလဲ ညီအစ်ကို”ဆိုပြီးပါ မေးမြန်းသွားခဲ့သလို Viewers တစ်ဦးကလည်း “ရော်နယ်လ်ဒိုက သူ့ အင်စတာဂရမ်မှာ Followers ပေါင်း သန်း(၄၀၀)အထိ ရှိနေပေမယ့် အဲ့ဒါတွေက ဘယ်လို အလုပ်ဖြစ်သလဲဆိုတာ သူမသိဘူး” လို့ နောက်ပြောင် ရေးသားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် ဇန်နဝါရီလမှာပဲ အင်စတာဂရမ်ပေါ် Followers စုစုပေါင်း သန်း(၂၀၀)ပြည့်တဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ရသလို နောက်(၂)နှစ်အကြာမှာပဲ အခုလို Followers အရေအတွက် (၂)ဆလောက် မြင့်တတ်လာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်အရွှယ်အားဖြင့် (၃၇)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ သူရဲ့အောင်မြင်ကျော်ကြားမှုတွေ မရပ်တန့်နိုင်သေးပဲ အရှိန်အဟုန်ကောင်းစွာနဲ့ ဆက်သွားနေပေမယ့် အခု ၂၀၂၂ခုနှစ်အတွင်းမှာတော့ သူရဲ့သွင်းဂိုးတွေကို မတွေ့ရှိထားရသေးပဲ ရုန်းကန်နေခဲ့ရပါတယ်။

Exit mobile version