ဆာဒီယိုမာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ အပါအဝင် ဘောလုံးနယ်ပယ်ထဲက အကြောင်းအရာတွေအပေါ်မှာ troll ပြီး စနောက်ကျီစယ်တတ်လေ့ရှိတဲ့ ရုရှားဘောလုံးကလပ် စပါးတပ်မော်စကိုအသင်းက အခုလည်း ဒီနွေဈေးကွက်ထဲမှာ သတင်းတွေ အတော်လေး ထွက်ပေါ်နေတဲ့ စူပါစတား ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ကိုပါ နောက်ပြောင်မှုတွေ ထပ်မံလုပ်ဆောင်သွားခဲ့ပါတယ်။

Image

Photo Credit : Twitter

အသက်(၃၇)နှစ်အရွယ်ရှိ ပေါ်တူဂီ ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုဟာ ဒီနှစ်နွေမှာ သူရဲ့လက်ရှိကလပ် မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်တယ်လို့ ဖွင့်ဟထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ ဥရောပထိပ်သီး အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။ ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုအေးဂျင့် ဂျော့မန်ဒက်စ်က ဘိုင်ယန် ချယ်လ်ဆီးအသင်းတွေနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ရာ အခုအချိန်ထိ အဆင်မပြေနိုင်သေးပဲ ဘိုင်ယန်ဘက်က ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း ထုတ်ပြန်ထားသလို ချယ်လ်ဆီးဘက်ကလည်း အသင်းပိုင်ရှင်က ရော်နယ်လ်ဒိုကို အလိုရှိပေမယ့် နည်းပြတူဟယ်လ်က ရော်နယ်လ်ဒိုကို မခေါ်ယူချင်ပဲ ဖြစ်နေရပါတယ်။

Image

Photo Credit : Twitter

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး troll king လို့တောင် တင်စားရမယ့် စပါးတပ်မော်စကိုအသင်းက ရော်နယ်လ်ဒိုရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး troll တစ်ခုကို သူတို့ရဲ့ တရားဝင် twitter page မှာ ဖော်ပြသွားခဲ့ပါတယ်။ အဲ့ဒီမှာ ရော်နယ်လ်ဒိုနဲ့ စပါးတပ်မော်စကိုအသင်းတို့ အပြန်အလှန် စကားပြောနေတဲ့ twitter chat box ပုံစံနဲ့ ဖော်ပြထားပြီး ရော်နယ်လ်ဒိုဘက်ကနေ စပါးတပ်မော်စကိုအသင်းကို စတင်နှုတ်ဆက်တဲ့ ပုံစံနဲ့ ပြသထားကာ စပါးတပ်ဘက်က ရော်နယ်လ်ဒိုရဲ့ “Hi Spartak!” ဆိုတဲ့ စကားကို “No” လို့ ပြန်လည်ဖြေဆိုထားသလို ရော်နယ်လ်ဒိုဘက်က ချိတ်ဆက်လာမှုကို ပယ်ချခဲ့တယ်ဆိုတဲ့ သဘောမျိုးနဲ့ troll သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်တုန်းကလည်း လီယွန်နယ်မက်ဆီ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း မတိုးမြှင့်နိုင်တော့လို့ အသင်းနဲ့ လမ်းခွဲရခဲ့ချိန်မှာလည်း စပါးတပ်မော်စကိုဘက်က အခု ရော်နယ်လ်ဒိုကို troll ခဲ့တဲ့ ပုံစံလိုမျိုး လုပ်ဆောင်ခဲ့သေးပြီး အဲ့ဒီအချိန်တုန်းကတော့ မက်ဆီကို သူတို့ဘက်က ဆက်သွယ်ခဲ့ရာ မက်ဆီက ငြင်းဆန်ခဲ့တဲ့ ပုံစံမျိုးနဲ့ ကျီစယ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်ဘက်က မာနေးကို ခေါ်ယူရာမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး မဖြစ်နိုင်တဲ့ အချက်အလက်တွေ ထည့်သွင်းထားခဲ့အပေါ်မှာလည်း troll ခဲ့သေးလို့ လူမှုကွန်ယက်တွေကြားမှာ အတော်လေး ပြောစရာ ဖြစ်သွားခဲ့ရပါသေးတယ်။