ဒီနှစ်နွေဈေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေတဲ့ GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အမည်ဖော်ပြထားခြင်းမရှိတဲ့ ဆော်ဒီအာရေဗျကလပ်အသင်းရဲ့ မက်မောလောက်စရာ ငွေကြေးတွေနဲ့ ကမ်းလှမ်းထားသလို မေဂျာလိဂ် ကလပ်အသင်းတွေကလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားပေမယ့်လည်း ရော်နယ်လ်ဒိုကိုယ်တိုင်ကတော့ ဒီကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချခဲ့ပါတယ်။

Do Manchester United need Cristiano Ronaldo? Bruno Fernandes shows vs. Liverpool how it can work without CR7 | Sporting News

Photo Credit : Sporting News

အသက်(၃၇)နှစ်အရွယ် စူပါစတား တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ သူရဲ့ကလပ်အသင်း ယူနိုက်တက်ကနေ ထွက်ခွာချင်နေပြီး ဥရောပထိပ်တန်း အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေတာကြောင့် အရှေ့အလယ်ပိုင်းက ကလပ်အသင်းတွေနဲ့ အမေရိကန် မေဂျာလိဂ်က ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ စိတ်မဝင်စားပဲ အကုန်ပယ်ချသွားခဲ့ပါတယ်။ ဆော်ဒီကလပ်အသင်း တစ်သင်းဆိုရင် ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀) တစ်နှစ်လုပ်ခ ပေါင်(၁၀၅)သန်းနဲ့ (၂)နှစ်စာ ပေါင်သန်း(၂၁၀)ဆိုတဲ့ မြောက်များလှစွာသော ငွေကြေးတွေနဲ့ ကမ်းလှမ်းလာခဲ့တာ ဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။

Bayern Munich rule out joining the race to sign wantaway Cristiano Ronaldo  - Football España

Photo Credit : Football Espana

လက်ရှိအနေအထားအရ ရော်နယ်လ်ဒိုနဲ့ သတင်းထွက်နေတဲ့ အသင်းတွေထဲမှာ အပါအဝင် ဖြစ်နေတဲ့ ချယ်လ်ဆီးအသင်းက အသင်းပိုင်ရှင် တော့ဒ်ဘိုလီကိုယ်တိုင် ရော်နယ်လ်ဒိုလို ပုံရိပ်ကြီးမားလွန်းတဲ့ ကစားသမားမျိုးကို အလိုရှိနေပေမယ့် နည်းပြသောမတ်စ်တူဟယ်လ်ကတော့ အသင်းအတွက် ရော်နယ်လ်ဒိုကို အလိုမရှိပဲ ကွဲပြားခြားနားမှုရှိတဲ့ ကစားသမားတွေနဲ့ ပရောဂျက်တွေကိုသာ အလိုရှိနေပါတယ်။ အေးဂျင့်ဂျော့မန်ဒက်စ်ကလည်း သူရဲ့ကစားသမားနဲ့ အပြောင်းအရွှေ့ ဖြစ်လာစေဖို့အတွက် ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီ ဘာစီလိုနာ ချယ်လ်ဆီး အစရှိတဲ့ အသင်းတွေနဲ့ ဆက်တိုက် ချိတ်ဆက်လျက် ရှိနေပေမယ့်လည်း လက်ရှိအချိန်ထိ အဆင်ပြေမှု မရှိသေးသလို ယူနိုက်တက်အသင်းနဲ့ နည်းပြအဲရစ်တန်ဟက်ဂ်တို့ကတော့ ရော်နယ်လ်ဒိုကို အသင်းမှာပဲ ဆက်ရှိနေချင်ကြသလို ရော်နယ်လ်ဒိုကို ရောင်းချမှာ မဟုတ်ဘူးလို့လည်း အတိအလင်း ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုကတော့ သူရဲ့ မိသားစုကိစ္စ အကြောင်းပြချက်နဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ရက်ဆက်တိုက် ပျက်ကွက်ခဲ့သလို ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေမှာ ကျင်းပပြုလုပ်နေတဲ့ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကိုလည်း အသင်းနဲ့အတူ လိုက်ပါနိုင်ခြင်း မရှိပဲ ဖြစ်နေရပါတယ်။