ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘယ်လာမီကတော့ လူတွေအနေနဲ့ မန်ယူအကြောင်းကို ပြောလာကြပေမဲ့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ လီဗာပူးလ်အသင်း ဒါမှမဟုတ် မန်စီးတီး အသင်းကို မှီဖို့ (၃) နှစ် ဒါမှမဟုတ် (၄) နှစ် ကြိုးစားရဦးမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားရခင်မှာ ပြိုင်ပွဲစုံ (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာကြောင့် ပုံစံကောင်းကို ပြန်လည် ရရှိလာပြီလို့ ပြောခဲ့ပေမဲ့လည်း ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ (၃၇) မှတ်၊ မန်စီးတီးအသင်းနဲ့ (၁၂) မှတ် ကွာနေခဲ့ပါတယ်။

Photo Credit: Skysport

မန်ယူအသင်းအနေနဲ့ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ကစားသမားတွေရော အသင်းရဲ့ ကစားဟန်ကိုရော အများကြီး ပြောင်းလဲခဲ့ကြပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့တာကြောင့် ပုံစံကောင်း နဲ့ ရလဒ်ကောင်းတွေကို တစ်ကျော့ပြန် ပြန်လည် ရရှိလာပြီလို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လီဗာပူးလ်အသင်းမှာ (၂) ရာသီ နဲ့ မန်စီးတီးအသင်းမှာ (၂) ရာသီ ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဘယ်လာမီကတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ မန်စီးတီး ဒါမှမဟုတ် လီဗာပူးလ်အသင်းကို မှီဖို့ နောက်ထပ် (၄) နှစ် ကြိုးစားရဦးမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Skysport

ဘယ်လာမီက “ကိုရိုနာ ဗိုင်းရပ် ဖြစ်သွားတယ်။ မန်ယူအသင်းအနေနဲ့ အချိန်ကောင်းတွေကို ပိုင်ဆိုင်နေတဲ့ပုံပါပဲ။ လူတိုင်းက မန်ယူအကြောင်းကို ပြောကြနေတယ်။ ဒါပေမဲ့ သူတို့တွေက အသင်း (၂) သင်းကို မှီဖို့ အများကြီး လိုအပ်နေသေးပြီး မှီဖို့ မနီးစပ်ပါဘူး။ မန်ယူအသင်းက သူတို့ (၂) သင်းကို မှီဖို့ ဆိုရင် (၃) နှစ် ဒါမှမဟုတ် (၄) နှစ်ကြာ ကြိုးစားရပါမယ်။ မန်စီးတီး နဲ့ လီဗာပူးလ်အသင်းက ဟန်ချက်ညီတယ်။ သူတို့ ကစားတဲ့ ပုံစံတွေ၊ သူတို့ရဲ့ ပြင်းထန်မှုတွေ၊ သူတို့ရဲ့ ဖိကစားမှုတွေ နဲ့ သူတို့ ဘာလုပ်နေသလဲ သူတို့ နားလည်တာတွေက ညီမျှနေတယ်။ ဒီအရာတွေက သူတို့ကို ခေါင်းဆောင်သွားနေပါတယ်။ ဒီနှစ်သင်းကတော့ အခြားအသင်းတွေ အားလုံးနဲ့ အများကြီး ကွာဟနေပြီး ရှေ့ကို ရောက်နေပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။