ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက အေစီမီလန်အသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ ကိုပါအီတလီ ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နာကျင်အချိန်ပို (၉၁) မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့တာကြောင့် မယုံနိုင်စရာမှတ်တမ်းကို ရရှိခဲ့ပြီး အသက် (၃၅) နှစ်အရွယ်မှာ နိုင်ငံ နဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း (၃၅) ပွဲ ကစားထားရာမှာ သွင်းဂိုးပေါင်း (၃၅) ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၁) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးနှုန်းက ကျဆင်းမလာဘဲ မြင့်တတ်လာဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ကမှ အသက် (၃၅) နှစ်အရွယ် ပြည့်ခဲ့ပေမဲ့ မယုံနိုင်စရာ ခြေစွမ်းတွေကို ပြသဆဲ ဖြစ်ပြီး စီးရီးအေ ပွဲစဉ် (၂၀) ပွဲ ကစားပြီးရာမှာ (၂၀) ဂိုး သွင်းယူခဲ့သလို ကိုပါအီတလီ ပွဲစဉ် (၂) ပွဲ ကစားပြီးရာမှာ (၂) ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Gettyimage

ဂျုဗင်တပ်အသင်း နဲ့ အေစီမီလန်အသင်းတို့ဟာ မနေ့ညက ကစားခဲ့တဲ့ ပထမပိုင်းမှာ သွင်းဂိုး မပေါ်ခဲ့ဘဲ ဒုတိယပိုင်းမှာ အေစမီလန်အသင်းက ရယ်ဘီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ရပါတယ်။ ဂျုဗင်တပ်အသင်းဟာ (၁-ဝ) နဲ့ ဦးဆောင်ခံရတာကနေ နာက်က လိုက်ကစားရာမှာ ရော်နယ်ဒိုရဲ့ ချေပဂိုးကြောင့် (၁-၁) သရေကျခဲ့ပြီး ရော်နယ်ဒိုကတော့ ပေါ်တူဂီ လက်ရွေးစင်အသင်း နဲ့ ဂျုဗင်တပ်အသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၃၅) ပွဲမှာ (၃၅) ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။