CR7ဆိုတဲ့ စကားတစ်လုံးကို ကြားလိုက်တာနဲ့ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့သူတွေ သာမက ဘောလုံးလောကအကြောင်းကို သိပ်ပြီး နားမလည်တဲ့သူတွေရဲ့ စိတ်ထဲကို ဝင်လာမယ့် ပုံရိပ်တစ်ခု ရှိလို့ နေပါတယ်။ အဲ့ဒါကတော့ Siiiii ဆိုတဲ့ ကိုယ်ပိုင် အောင်ပွဲခံပုံရိပ် ကို ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီဘောလုံး အကျော် အမော် ခရစ္စတီယာနို ရိုနယ်ဒိုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက်၃၅နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ စီရိုနယ်ဒိုဟာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းထံမှာ ကစားနေသူ ဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်သူပါ။

Photo Credit: Standard.com

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ငါးကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့တဲ့ စီရိုနယ်ဒို ဟာ ဒီဘက်ခေတ်မှာ နာမည်အကြီးဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကြွယ်ဝမှုဟာ ပေါင်၁ဘီလီယံကျော် နေပါပြီ။ ဒါ့ကြောင့် ဘောလုံးသတင်းဌာနတွေက စီရိုနယ်ဒိုနဲ့ ပတ်သတ်တဲ့ သတင်းတွေဆိုရင် မကြာခဏ ဆိုသလို တင်ဆက်လေ့ရှိပြီး ဒီတစ်ခါမှာတော့ ပရိသတ်တွေ မသိလောက်သေးတဲ့ စီရိုနယ်ဒိုရဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့က ဖော်ပြ ပေးသွားချင်ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာပေါ်မှာ သာမက စကြာဝဠာထဲအထိ နာမည် ကျော်ကြားတဲ့ စီရိုနယ်ဒိုရဲ့ နာမည်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။

Photo Credit: Standard.com

၂၀၁၅ခုနှစ်မှာ ကျွန်တော်တို့ ကမ္ဘာမြေပေါ်က အာကာသပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ စကြာဝဠာကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုပါ သိပ္ပံပညာရှင်တွေ ဟာ စကြာဝဠာအသစ်ကြီးကို COSMIC REDSHIFT 7 သို့ CR7ဆိုပြီး နာမည်ပေးခဲ့ကြပါတယ်။ အဆိုပါ CR7ဆိုတဲ့ စကားလုံးဟာ မန်ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ စီရိုနယ်ဒိုကို ရည်စူးကာ ပေးအပ် ခဲ့တဲ့ နာမည်လို့လဲ သိရပါတယ်။ စကြာဝဠာကြီး တစ်ခုလုံးကို ကိုယ်ပိုင်နာမည် ပေးအပ်ခံခဲ့ရတဲ့ ဘောလုံးသမားဟာ စီရိုနယ်ဒို တစ်ဦးတည်း ရှိတာကြောင့် ဘယ်ကစားသမားမှ လိုက်မမှီနိုင် တဲ့ စံချိန်မှတ်တမ်းတစ်ခုအဖြစ် တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ….။