စပိန္ထိပ္သီးကလပ္ျဖစ္တဲ့ ဘာစီလိုနာဟာ အာဆင္နယ္အသင္းရဲ့ ပစ္မွတ္ ကစားသမား တစ္ဦးျဖစ္တဲ့ ေကာ္ရီတီဘာအသင္းရဲ့ အသက္ ၁၇ႏွစ္အရြယ္ လူငယ္ေနာက္ခံလူ ကူတိုကို ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္လာတယ္လို႔ စပိန္ သတင္းစာေတြက ေဖာ္ျပလာၾကပါတယ္။
Photo Credit: Express.com
ေတာင္အေမရိကသားေတြနဲ႔ အက်ိဳးေပးေလ့ရွိတဲ့ ဘာစီလိုနာအသင္းဟာ အသင္းရဲ့ ခံစစ္မွာ ပုံမွန္ေျခစြမ္းျပနိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ ဆီမီဒိုရဲ့ ေနရာမွာ အစားဝင္နိုင္မယ့္ ညာေနာက္ခံလူ တစ္ဦးကို ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔အတြက္ ပစ္မွတ္ထား ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။
Photo Credit: Express.com
အသက္ ၁၇ႏွစ္အရြယ္ ကူတိုဟာ ဘရာဇီးလ္ အသင္းရဲ့ သက္တမ္းအလိုက္ အသင္းေတြမွာ ပါဝင္ခြင့္ရရွိထားသူျဖစ္ၿပီး သူဟာ ခံစစ္ပိုင္းမွာ အားကိုးရသူျဖစ္သလို ညက္ေညာတဲ့ နည္းစနစ္ ကၽြမ္းက်င္မွုရွိတာေၾကာင့္ တိုက္စစ္ပိုင္း လိုက္ပါမွုမွာ ေကာင္းမြန္တာေၾကာင့္ ဒုတိယေျမာက္ အဲလ္ဗက္လို႔ တင္စားျခင္းကို ခံေနရတဲ့သူပါ။
Photo Credit: Express.com
ကူတိုရဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာလည္း ေပါင္၈သန္းဝန္းက်င္သာ ရွိတာေၾကာင့္ ဘာစီလိုနာအသင္းအတြက္ အခက္အခဲမဟုတ္သလို အဲလ္ဗက္လို ကစားသမားမ်ိဳးကို လိုခ်င္ေနတာေၾကာင့္ ကူတိုဟာ ဘာစီလိုနာကို အေႏွးနဲ႔အျမန္ ေရာက္နိုင္ေၾကာင္း ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။
စပိန်ထိပ်သီးကလပ်ဖြစ်တဲ့ ဘာစီလိုနာဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ ကော်ရီတီဘာအသင်းရဲ့ အသက် ၁၇နှစ်အရွယ် လူငယ်နောက်ခံလူ ကူတိုကို ခေါ်ယူဖို့အတွက် ချိတ်ဆက်လာတယ်လို့ စပိန် သတင်းစာတွေက ဖော်ပြလာကြပါတယ်။
Photo Credit: Express.com
တောင်အမေရိကသားတွေနဲ့ အကျိုးပေးလေ့ရှိတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ခံစစ်မှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဆီမီဒိုရဲ့ နေရာမှာ အစားဝင်နိုင်မယ့် ညာနောက်ခံလူ တစ်ဦးကို ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် ပစ်မှတ်ထား ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
Photo Credit: Express.com
အသက် ၁၇နှစ်အရွယ် ကူတိုဟာ ဘရာဇီးလ် အသင်းရဲ့ သက်တမ်းအလိုက် အသင်းတွေမှာ ပါဝင်ခွင့်ရရှိထားသူဖြစ်ပြီး သူဟာ ခံစစ်ပိုင်းမှာ အားကိုးရသူဖြစ်သလို ညက်ညောတဲ့ နည်းစနစ် ကျွမ်းကျင်မှုရှိတာကြောင့် တိုက်စစ်ပိုင်း လိုက်ပါမှုမှာ ကောင်းမွန်တာကြောင့် ဒုတိယမြောက် အဲလ်ဗက်လို့ တင်စားခြင်းကို ခံနေရတဲ့သူပါ။
Photo Credit: Express.com
ကူတိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း ပေါင်၈သန်းဝန်းကျင်သာ ရှိတာကြောင့် ဘာစီလိုနာအသင်းအတွက် အခက်အခဲမဟုတ်သလို အဲလ်ဗက်လို ကစားသမားမျိုးကို လိုချင်နေတာကြောင့် ကူတိုဟာ ဘာစီလိုနာကို အနှေးနဲ့အမြန် ရောက်နိုင်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။