ဘြန္ဒက္စ္လီဂါ အင္အားႀကီးအသင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ စပိန္ကလပ္ ဘာစီလိုနာထံကေန အငွားနဲ႔​ ေခၚယူထားခဲ့တဲ့ကြင္းလယ္ကစားသမား ေကာ္တင္ဟိုကို အငွားစာခ်ဳပ္ျပည့္ခဲ့ပါက စာခ်ဳပ္ခ်ဳပ္ဆိုမွာ မဟုတ္ပဲ ဘာစီလိုနာအသင္းထံကို ျပန္လည္ပို႔ေဆာင္မွာ ျဖစ္ေၾကာင္း ဂ်ာမဏီသတင္းစာေတြက ေဖာ္ျပလာၾကပါတယ္။

Photo Credit: Marca.com

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေကာ္တင္ဟိုကို တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့စဥ္မွာ ေကာ္တင္ဟိုရဲ့ ေျခစြမ္းကို ႏွစ္သက္ပါက အၿပီးသတ္ ေခၚယူနိုင္တဲ့ အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေကာ္တင္ဟိုကို ေခၚယူေတာ့မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အေၾကာင္းကေတာ့ ေကာ္တင္ဟို အတြက္ ေပးေခ်ရမယ့္ ေျပာင္းေရႊ႕ေၾကးဟာ မ်ားျပားလြန္းေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

Photo Credit: Marca.com

စာခ်ဳပ္ထဲမွာ ပါဝင္တဲ့ အခ်က္အလက္မ်ားအရ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေကာ္တင္ဟို ကို ေခၚယူလိုပါက ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၁၀၂သန္းအထိ သုံးစြဲရမွာျဖစ္ကာ ဘိုင္ယန္အသင္းဘက္ကေတာ့ အဆိုပါပမာဏဟာ မ်ားျပားလြန္းတယ္လို႔ ယူဆေနပါတယ္။ ဒါ့ေၾကာင့္ ေကာ္တင္ဟိုဟာ ယခုႏွစ္ေဘာလုံးရာသီ ကုန္ဆုံးပါက ဂ်ာမဏီေျမကေန စပိန္ေျမကို ျပန္လည္ေျပာင္းေရႊ႕ရေတာ့မွာပါ။

Photo Credit: Marca.com

စပိန္သတင္းစာေတြရဲ့ ေဖာ္ျပမွုေတြအရ ဘာစီလိုနာအသင္းဘက္ကလည္း နည္းၿပ အေျပာင္းအလဲ ျပဳလုပ္ၿပီးေနာက္ပိုင္းမွာ ေကာ္တင္ဟိုကို ေရာင္းခ်ဖို႔ထက္ အသင္းမွာသာ ဆက္လက္ထားရွိလိုတာေၾကာင့္ ေကာ္တင္ဟို ျပန္လာမွာကို သေဘာက်ေနၾကေၾကာင္း သိရပါတယ္။ ေကာ္တင္ဟိုဟာ ယခုႏွစ္ ဘြန္ဒက္စ္လီဂါ ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၁၆ပြဲအထိ ပါဝင္ကစားေပးထားၿပီး ၆ဂိုးသြင္းယူကာ ဖန္တီးမွု ၅ႀကိမ္ျပဳလုပ္ထားနိုင္ခဲ့ပါတယ္။

ဘွန်ဒက်စ်လီဂါ အင်အားကြီးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ စပိန်ကလပ် ဘာစီလိုနာထံကနေ အငှားနဲ့​ ခေါ်ယူထားခဲ့တဲ့ကွင်းလယ်ကစားသမား ကော်တင်ဟိုကို အငှားစာချုပ်ပြည့်ခဲ့ပါက စာချုပ်ချုပ်ဆိုမှာ မဟုတ်ပဲ ဘာစီလိုနာအသင်းထံကို ပြန်လည်ပို့ဆောင်မှာ ဖြစ်ကြောင်း ဂျာမဏီသတင်းစာတွေက ဖော်ပြလာကြပါတယ်။

Photo Credit: Marca.com

ဘိုင်ယန်မြူးနစ်အသင်းဟာ ကော်တင်ဟိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့စဉ်မှာ ကော်တင်ဟိုရဲ့ ခြေစွမ်းကို နှစ်သက်ပါက အပြီးသတ် ခေါ်ယူနိုင်တဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ပေမယ့် လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကော်တင်ဟိုကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အကြောင်းကတော့ ကော်တင်ဟို အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးဟာ များပြားလွန်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

စာချုပ်ထဲမှာ ပါဝင်တဲ့ အချက်အလက်များအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ကော်တင်ဟို ကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀၂သန်းအထိ သုံးစွဲရမှာဖြစ်ကာ ဘိုင်ယန်အသင်းဘက်ကတော့ အဆိုပါပမာဏဟာ များပြားလွန်းတယ်လို့ ယူဆနေပါတယ်။ ဒါ့ကြောင့် ကော်တင်ဟိုဟာ ယခုနှစ်ဘောလုံးရာသီ ကုန်ဆုံးပါက ဂျာမဏီမြေကနေ စပိန်မြေကို ပြန်လည်ပြောင်းရွှေ့ရတော့မှာပါ။

Photo Credit: Marca.com

စပိန်သတင်းစာတွေရဲ့ ဖော်ပြမှုတွေအရ ဘာစီလိုနာအသင်းဘက်ကလည်း နည်းပြ အပြောင်းအလဲ ပြုလုပ်ပြီးနောက်ပိုင်းမှာ ကော်တင်ဟိုကို ရောင်းချဖို့ထက် အသင်းမှာသာ ဆက်လက်ထားရှိလိုတာကြောင့် ကော်တင်ဟို ပြန်လာမှာကို သဘောကျနေကြကြောင်း သိရပါတယ်။ ကော်တင်ဟိုဟာ ယခုနှစ် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၆ပွဲအထိ ပါဝင်ကစားပေးထားပြီး ၆ဂိုးသွင်းယူကာ ဖန်တီးမှု ၅ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။