ကမ္ဘာ့အင်အားကြီး ကလပ်အသင်းတစ်သင်းဖြစ်ပေမယ့်လည်း ကိုဗစ်ဂယက်ကြောင့် အသင်းရဲ့ စီးပွားရေးတွေ ကျဆင်းလာခဲ့ရပြီးနောက် ကြွေးမြီးပြသာနာတွေနဲ့ပါ ရင်ဆိုင်လာခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ဒီလိုဘဏ္ဍာရေး အကျပ်အတည်းတွေကို ဖြေရှင်းသွားနိုင်ဖို့အတွက် အသင်းရဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဖီလစ်ပီကော်တင်ဟို ပီယာနစ်နဲ့ ဆင်မြူရယ်အမ်တီတီတို့ကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Let Call Bull

ဘာစီလိုနာအသင်းဟာ ကိုဗစ်ပြသာနာတွေကြောင့် အသင်းမှာ ကြွေးမြီးပေါင်း ယူရို(၁)ဘီလီယံအထိကို ရှိလာခဲ့ရပြီး ဒီလိုဘဏ္ဍာရေး အခက်အခဲကို ပြေလည်သွားနိုင်ဖို့အတွက် အသင်းမှာ လစာများစွာ ရရှိလို့နေတဲ့ ကစားသမားတွေဖြစ်တဲ့ ကော်တင်ဟို ပီယာနစ်နဲ့ အမ်တီတီတို့ကို ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းချသွားဖို့ စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ ဒီကစားသမား(၃)ယောက်လုံးဟာလည်း အသင်းမှာ အံ့မဝင်တဲ့ ကစားသမားတွေဖြစ်တဲ့အပြင် ပွဲထွက်လူစာရင်းမှာပါ ပုံမှန်ကစားခွင့် မရကြတဲ့သူတွေ ဖြစ်နေတဲ့အတွက် အခုလို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးတိုက်စစ်ကစားသမား ဖီးလစ်ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ်ကမှ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ပေါင်(၁၄၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို စတင်ရောက်ရှိလာချိန်မှာပဲ ဒဏ်ရာပြသာနာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူခဲ့ရသလို အသင်းမှာ အံ့ဝင်ဖို့လည်း ရုန်းကန်နေခဲ့ရပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာပါ ဘိုင်ယန်မြူးနစ်အသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ရတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို နည်းပြရော်နယ်ကိုးမန်း ကိုင်တွယ်ချိန်မှာလည်း လာလီဂါပွဲ (၁၂)ပွဲသာ ပါဝင်ကစားခဲ့ရပြီး ပြိုင်ပွဲစုံမှာလည်း (၁၄)ပွဲပဲ ပါဝင်ခဲ့ရပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ကော်တင်ဟိုကို ဘာစီလိုနာအသင်းကနေ ရောင်းထုတ်သွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်နဲ့ ရောင်းထုတ်သွားဖွယ် ရှိနေသလို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ ခေါ်ယူသွားချင်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျုဗင်တပ်စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘော့စနီးယား ကွင်းလယ်ကစားသမား ပီယာနစ်မှာလည်း ဘာစီလိုနာမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို ခံစစ်မှာ လုံးဝနေရာပျောက်နေရတဲ့ ကမ္ဘာ့ဖလားချန်ပီယံ နောက်ခံလူ အမ်တီတီမှာလည်း ကော်တင်ဟို ပီယာနစ်တို့နဲ့အတူ အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိလို့နေပါတယ်။