MySport Myanmar

ကော်တွိုက်စ် ပြီးတော့ မီလီတာအို ဒဏ်ရာ ကျိန်စာမိနေတဲ့ ရီးယဲလ်

Real Madrid's Brazilian defender #03 Eder Militao is helped to leave the pitch after resulting injured during the Spanish Liga football match between Athletic Bilbao and Real Madrid at the San Mames stadium in Bilbao on August 12, 2023. (Photo by CESAR MANSO / AFP) (Photo by CESAR MANSO/AFP via Getty Images)

ရီးယဲလ် မက်ဒရစ်အသင်းကတော့ လက်ရှိမှာ ဒဏ်ရာ ကျိန်စာဆိုးအောက်မှာ ရောက်ရှိနေရပါတယ်။ အသင်းရဲ့ အဓိက ဂိုးသမား ကော်တွိုက်စ် ACL ဒဏ်ရာကြောင့် ခွဲစိတ်ဖို့ပါ လိုအပ်လာလို့ ကာလရှည် အနားယူရဖို့ ရှိနေချိန် နောက်ထပ် ကစားသမားတစ်ဦးပါ ပွဲအတွင်း ဒဏ်ရာ ပြင်းထန်ခဲ့လို့ စိုးရိမ်စရာ အနေအထား ဖြစ်လာခဲ့ပါတယ်။

သူကတော့ နောက်ခံလူ မီလီတာအိုဖြစ်ပြီး ဘီလ်ဘာအိုနဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး (၅)မိနစ်ခန့်လောက် အကြာမှာပဲ မီလီတာအိုက ဒဏ်ရာရသွားခဲ့လို့ ပွဲကိုပါ ဆက်ကစားနိုင်ခြင်း မရှိတော့ပဲ ရူဒီဂါနဲ့ပါ လူစားလဲခဲ့ရပါတယ်။

Photo Credit : Marca

ဘရာဇီးလ် လက်ရွေးစင် နောက်ခံလူ မီလီတာအိုရဲ့ ဒဏ်ရာက ဒူးနားတဝိုက်မှာ ရရှိသွားခဲ့တဲ့ ဒဏ်ရာဖြစ်လို့ စိုးရိမ်စရာ အနေအထားမှာ ရှိနိုင်ပြီး ရီးယဲလ် နည်းပြကြီး ကားလို့စ် အန်ဆယ်လော့တီကိုယ်တိုင် မီလီတာအိုရဲ့ အခြေအနေက ဆိုးရွှားနိုင်တယ်လို့ အတည်ပြု ပြောဆိုထားခဲ့ပါတယ်။

“သူရဲ့ ဒူးအဆစ်တွေ လွဲသွားခဲ့တာ။ ကြည့်ရတာတော့ အခြေအနေကောင်းပုံ မရဘူး။ လာမယ့် နာရီ အနည်းငယ်အတွင်းမှာ ကျွန်တော်တို့တွေ ဒဏ်ရာ အခြေအနေကို အကဲခတ်သွားပါမယ်။ အခုကတော့ ဘာမှ မပြောနိုင်သေးပါဘူး။” လို့ အန်ဆယ်လော့တီက ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Pulse Sports Nigeria

ရီးယဲလ်အသင်းက ရာသီအစပိုင်းမှာပဲ အသင်းအတွက် အဓိက ကစားသမားတွေ တစ်ဦးပြီးတစ်ဦး ဒဏ်ရာရနေခြင်းက အသင်းအပေါ် သက်ရောက်မှုတွေ ဖြစ်နေရပေမယ့်လည်း ဘီလ်ဘာအိုနဲ့ ပွဲစဉ်မှာတော့ ကစားသမားသစ် ဘယ်လင်ဟမ်ရဲ့ လာလီဂါ အဖွင့်ဂိုး အပါအဝင် (၂)ဂိုးပြတ်နဲ့ နိုင်ပွဲရထားခဲ့ပါတယ်။

ရီးယဲလ်က လက်ရှိမှာ ကော်တွိုက်စ်ရဲ့ ဒဏ်ရာ အခြေအနေကြောင့် ချယ်လ်ဆီးအသင်းက စပိန် ဂိုးသမား ကက်ပါ အပြီးသတ် ခေါ်ယူခွင့် မပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပေမယ့် မီလီတာအိုလည်း ရက်ရှည် အနားယူရမယ်ဆိုရင်တော့ လူမခေါ်ယူတော့ပဲ ရှိရင်းစွဲ ကစားသမားတွေနဲ့သာ အဆင်ပြေသလို အသုံးပြုသွားဖို့ ရှိနေပါတယ်။

Exit mobile version