MySport Myanmar

အာနိုးရဲ့ ဖြတ်တင်မှုတွေက မယုံနိုင်လောက်အောင် ကောင်းတယ်လို့ ကော်တိုအာ ချီးကျူး

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂိုးသမား သီဘော ကော်တိုအာက အသင်းကို အသစ်ရောက်ရှိလာတဲ့ ထရန့်အလက်ဇန်းဒါး အာနိုးနဲ့အတူ လေ့ကျင့်ခန်းဆင်းရတာက သူ့အတွက် ဘာကြောင့် တစ်ခါတလေ အိပ်မက်ဆိုးလို ဖြစ်နေရသလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမားက အသက် ၂၆ နှစ်အရွယ် အင်္ဂလန်နောက်ခံလူရဲ့ ကစားဟန်နဲ့ အသားကျအောင် ကြိုးစားနေရတယ်လို့ ဝန်ခံခဲ့ပါတယ်။ အကြောင်းကတော့ အာနိုးဟာ တိုက်စစ်နေရာကို မကြာခဏဆိုသလို ရှေ့တက်ကစားလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကော်တိုအာက သူ့အသင်းဖော်သစ်ရဲ့ ဘောလုံးဖြတ်တင်ပေးပို့မှုတွေကတော့ မယုံနိုင်လောက်အောင် ကောင်းမွန်တယ်လို့ ချီးကျူးခဲ့ပါတယ်။

Photo Credit : SPORTbible

“သူသာဆိုရင် ဒီပြိုင်ပွဲမှာ ဂိုးဖန်တီးမှုပေါင်းများစွာ လုပ်ပေးနိုင်ခဲ့လောက်ပြီ” လို့ လီဗာပူးလ်ကစားသမားဟောင်းအကြောင်း ကော်တိုအာက ပြောပါတယ်။ “လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ကန်ချက်တွေက မယုံနိုင်စရာပဲ၊ သူ့ရဲ့ဖရီးကစ်တွေ၊ ထောင့်ကန်ဘောတွေက တခြားအဆင့်မှာရှိနေတယ်။ သူ့လို အရည်အသွေးရှိတဲ့ ကန်ချက်နဲ့ ဖြတ်တင်ဘောပိုင်ရှင်မျိုး ကျွန်တော် တစ်ခါမှမမြင်ဖူးဘူးထင်တယ်။”

“ဂိုးသမားတစ်ယောက်အနေနဲ့ပြောရရင် သူက တစ်ခါတလေ အိပ်မက်ဆိုးတစ်ခုပဲ။ သူက သင့်ကို အမြဲတမ်းတပ်လှန့်နေစေပြီး ကာကွယ်ဖို့အတွက် အပြင်းအထန် ကြိုးစားခိုင်းတယ်။ သူက ကျွန်တော်တို့ကို ပိုပြီးတိုးတက်စေပါတယ်” လို့ ကော်တိုအာက ရှင်းပြခဲ့ပါတယ်။

Photo Credit : Goal

အာနိုးဟာ လီဗာပူးလ်ကနေ ပြောင်းရွှေ့လာပြီးနောက် မက်ဒရစ်အတွက် ပထမဆုံးဂိုးဖန်တီးမှုကို ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက်ပွဲမှာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အာနိုးရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သံသယဝင်စရာ မရှိနိုင်ပေမယ့်လည်း အသင်းမှာ အထိုင်ကျဖို့ အချိန်လိုဦးမှာဖြစ်သလို သူ့ရဲ့အသင်းဖော်တွေကလည်း သူ့ရဲ့ကစားဟန်နဲ့ အသားကျဖို့ အချိန်ယူရဦးမှာပါ။

အာနိုးနဲ့ ကော်တိုအာတို့ဟာ လာမယ့် စနေနေ့ (ဇူလိုင် ၅ ရက်) မှာ ကစားမယ့် ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုရုရှားဒေါ့မွန်နဲ့ ပွဲကြီးပွဲကောင်းမှာ ရီးယဲလ်အတွက် ထပ်မံ ပါဝင်ကစားပေးဖွယ် ရှိနေပါတယ်။ ရီးယဲလ်က ပြီးခဲ့တဲ့ ရာသီမှာ အဓိကဖလားကြီးတွေနဲ့ လွဲချော်ခဲ့ပေမယ့် ဒီနွေရာသီကိုတော့ ဖလားတစ်လုံးနဲ့ အဆုံးသတ်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

Exit mobile version