ယေန႔မနက္ ၁၂နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ေဆာ္ဒီေျမေပၚက စပိန္စူပါဖလား ဖိုင္နယ္မွာေတာ့ မက္ဒရစ္ဒါဘီကို ရွုစားခဲ့ၾကရၿပီး ရီးရဲလ္မက္ဒရစ္အသင္းဟာ အက္သလက္ တီကိုမက္ဒရစ္အသင္းကို ပြဲကစားခ်ိန္အတြင္းမွာ အနိုင္မရခဲ့ေပမယ့္ ပင္နယ္တီအဆုံးအျဖတ္ ခံယူရာမွာေတာ့ ဂိုးသမား ေကာ္တိုရစ္ရဲ့ ေကာင္းမြန္တဲ့ လက္စြမ္းေတြနဲ႔အတူ အနိုင္ရရွိခဲ့ပါတယ္။

Photo Credit: Daily Mail.com

မက္ဒရစ္ဒါဘီျဖစ္တာနဲ႔အညီ ႏွစ္သင္းစလုံးဟာ အေတာင့္တင္းဆုံး လူစာရင္းကို အသုံးျပဳခဲ့ၾကသလို ပြဲခ်ိန္အတြင္းမွာလည္း အေကာင္းဆု​ံး ကစားခဲ့ၾကၿပီး သူတစ္ျပန္ ကိုယ္တစ္ျပန္နဲ႔ ပြဲဟာ ၾကည့္ေကာင္းခဲ့ပါတယ္။ အထူးသျဖင့္ ႏွစ္ဖက္ ဂိုးသမားေတြျဖစ္ၾကတဲ့ ေအာ့ဘလက္နဲ႔ ေကာ္တိုရစ္တို႔ဟာ ပြဲခ်ိန္အတြင္းမွာ လက္စြမ္းေကာင္းအသီးသီးကို ျပသနိုင္ခဲ့တာေၾကာင့္ ႏွစ္ဖက္တိုက္စစ္မွူးေတြအေနနဲ႔ သြင္းဂိုးေတြ သြင္းယူနိုင္ဖို႔ ခက္ခဲခဲ့ပါတယ္။

Photo Credit: Daily Mail.com

ဒါ့ေၾကာင့္ သာမန္ပြဲကစားခ်ိန္ မိနစ္၉၀ျပည့္ ကာ အခ်ိန္ပိုအျဖစ္ မိနစ္၃၀ကစားခဲ့ရၿပီး အဆိုပါ မိနစ္၃၀မွာလည္း အနိုင္အရွုံးမကြဲျပားခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ကို ခံယူခဲ့ၾကပါတယ္။ ပင္နယ္တီအဆုံးအျဖတ္မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက ကန္သြင္းတဲ့ေလးႀကိမ္စလုံးဟာ ဂိုးခဲ့ၿပီး အက္သလက္တီကိုဘက္က ဆာအူလ္နဲ႔ ပါေတးတို႔ဟာ လြဲေခ်ာ္ခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗိုလ္စြဲခဲ့ပါတယ္။

Photo Credit: Daily Mail.com

ပါေတးရဲ့ပင္နယ္တီကန္ခ်က္ကို လက္စြမ္းၿပ ကာကြယ္နိုင္ခဲ့ပုံနဲ႔ ပတ္သတ္ၿပီး ေကာ္တိုရစ္ က ” ကၽြန္ေတာ္က သူတို႔ရဲ့ ပင္နယ္တီကန္သြင္းပုံေတြကို အရန္ခုံတန္းမွာ ၾကည့္ရွုခဲ့ပါတယ္။ ဆာအူလ္က ကၽြန္ေတာ့္ကို အံ့အားသင့္ေစခဲ့ေပမယ့္ ေသာမတ္စ္(ပါေတး) ဘယ္ေနရာကို ကန္မလဲဆိုတာ ကၽြန္ေတာ္ တိတိက်က် သိေနပါတယ္။ သူက အေတာ္ေလးျပင္းထန္အားပါတဲ့ ကန္ခ်က္နဲ႔ ကန္ခဲ့တာပါ။ ကၽြန္ေတာ္ကေတာ့ ဂိုးမေပးရတာနဲ႔ ေကာင္းမြန္တဲ့ ကာကြယ္မွုေတြ ျပဳလုပ္နိုင္တဲ့အေပၚ ေပ်ာ္ရႊင္ေနပါတယ္ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

ယနေ့မနက် ၁၂နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆော်ဒီမြေပေါ်က စပိန်စူပါဖလား ဖိုင်နယ်မှာတော့ မက်ဒရစ်ဒါဘီကို ရှုစားခဲ့ကြရပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အက်သလက် တီကိုမက်ဒရစ်အသင်းကို ပွဲကစားချိန်အတွင်းမှာ အနိုင်မရခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ ဂိုးသမား ကော်တိုရစ်ရဲ့ ကောင်းမွန်တဲ့ လက်စွမ်းတွေနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Daily Mail.com

မက်ဒရစ်ဒါဘီဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုခဲ့ကြသလို ပွဲချိန်အတွင်းမှာလည်း အကောင်းဆု​ံး ကစားခဲ့ကြပြီး သူတစ်ပြန် ကိုယ်တစ်ပြန်နဲ့ ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် နှစ်ဖက် ဂိုးသမားတွေဖြစ်ကြတဲ့ အော့ဘလက်နဲ့ ကော်တိုရစ်တို့ဟာ ပွဲချိန်အတွင်းမှာ လက်စွမ်းကောင်းအသီးသီးကို ပြသနိုင်ခဲ့တာကြောင့် နှစ်ဖက်တိုက်စစ်မှူးတွေအနေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

Photo Credit: Daily Mail.com

ဒါ့ကြောင့် သာမန်ပွဲကစားချိန် မိနစ်၉၀ပြည့် ကာ အချိန်ပိုအဖြစ် မိနစ်၃၀ကစားခဲ့ရပြီး အဆိုပါ မိနစ်၃၀မှာလည်း အနိုင်အရှုံးမကွဲပြားခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ကို ခံယူခဲ့ကြပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက ကန်သွင်းတဲ့လေးကြိမ်စလုံးဟာ ဂိုးခဲ့ပြီး အက်သလက်တီကိုဘက်က ဆာအူလ်နဲ့ ပါတေးတို့ဟာ လွဲချော်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗိုလ်စွဲခဲ့ပါတယ်။

Photo Credit: Daily Mail.com

ပါတေးရဲ့ပင်နယ်တီကန်ချက်ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပုံနဲ့ ပတ်သတ်ပြီး ကော်တိုရစ် က ” ကျွန်တော်က သူတို့ရဲ့ ပင်နယ်တီကန်သွင်းပုံတွေကို အရန်ခုံတန်းမှာ ကြည့်ရှုခဲ့ပါတယ်။ ဆာအူလ်က ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပေမယ့် သောမတ်စ်(ပါတေး) ဘယ်နေရာကို ကန်မလဲဆိုတာ ကျွန်တော် တိတိကျကျ သိနေပါတယ်။ သူက အတော်လေးပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ ကန်ခဲ့တာပါ။ ကျွန်တော်ကတော့ ဂိုးမပေးရတာနဲ့ ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်တဲ့အပေါ် ပျော်ရွှင်နေပါတယ် ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။