ရီးရဲလ် ဂိုးသမား ကော်တိုရစ်ဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ဟာဇက်နဲ့ အတူ ရီးရဲလ် အသင်းကို ပြောင်းဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောသွားခဲ့ပြီး တကယ်လည်း ဂိုးသမား ကော်တိုရစ်က (၂၀၁၈) ခုနှစ်မှာ ဟာဇက်ထက်အရင် ရီးရဲလ်အသင်းကို ပြောင်းသွားခဲ့ပါတယ်။ ဂိုးသမား ကော်တိုရစ်ဟာ (၂၀၁၈) ခုနှစ် သြဂုတ်လမှာ ရီးရဲလ်အသင်းကို ပြောင်းသွားခဲ့ပြီး တိုက်စစ်မှူး ဟာဇက်ကလည်း (၂၀၁၉) ခုနှစ် ဇွန်လမှာ ချဲလ်ဆီးအသင်းကို ရီးရဲလ်အသင်းကို ပြောင်းခဲ့တာကြောင့် ရီးရဲလ်အသင်းကို ပြောင်းချင်တဲ့ အိပ်မက်ကို အကောင်အထည် ဖော်ခဲ့ကြပါတယ်။

 

Photo Credit: Marca

ဂိုးသမား ကော်တိုရစ်ဟာ အရင်က အက်သလက်တီကိုအသင်းကို အငှားနဲ့ သွားရောက် ကစားခဲ့ဖူးပြီး အက်သလက်တီကိုအသင်းမှာ ကစားခဲ့စဉ်က (၂၀၁၄) ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် ကစားခဲ့တဲ့ အချိန်မှာ ရာမို့စ်ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဂိုးသမား ကော်တိုရစ်က (၂၀၁၄) ခုနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ ရာမို့စ်ရဲ့ ခေါင်းတိုက် သွင်းဂိုးကို ခွင့်ပြုခဲ့တာက ဝမ်းနည်းဖို့ ကောင်းတယ်လို့ ပြောခဲ့ပြီး ချဲလ်ဆီးအသင်းမှာ ကစားစဉ်ကတည်းက ဟာဇက်နဲ့ အတူ ရီးရဲလ်အသင်းကို ပြောင်းချင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Marca

El Mundo သတင်းမှာ ဂိုးသမား ကော်တိုရစ်က “ချဲလ်ဆီးအသင်းရဲ့ အဝတ်လဲခန်းမှာ ဟာဇက်ရယ် ကျွန်တော်ရယ် ရီးရဲလ်အသင်းမှာ ကစားမယ့် အကြောင်းကို အပြန်အလှန် ပြောခဲ့ကြပါတယ်။ ဒီအကြောင်းကို ခန့်မှန်းပြီး ပြောရတာက အလွန် ကောင်းခဲ့တယ်။ အခုတော့ ကျွန်တော်တို့ဟာ ရီးရဲလ်အသင်းနဲ့ အတူ ဆုဖလား ရရှိဖို့ အလွန် စိတ်ထက်သန်နေကြတယ်။ လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်က အက်သလက်တီကိုအသင်းမှာ ကစားခဲ့ပြီး ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကစားခဲ့စဉ်က ရာမို့စ်ရဲ့ ခေါင်းတိုက်ဂိုးကို ဖမ်းဖို့ အလွန် နီးစပ်ခဲ့တယ်။ ရာမို့စ်ရဲ့ သွင်းဂိုးကို ရီးရဲလ်မက်ဒရစ် တီဗီမှာ ခေါက်တုံခေါက်ပြန် ပြန်မြင်နေရပါတယ်။ ကျွန်တော့်အတွက်ကတော့ အဲဒီ ပေးဂိုးက ဝမ်းနည်းစရာ ဖြစ်ပေမယ့်လည်း အခုတော့ မေ့နေပါပြီ”လို့ ပြောသွားခဲ့ပါတယ်။