ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ထိကိုသာ ရောက်ရှိခဲ့ရတယ်ဆိုပေမယ့်လည်း သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူကတော့ အာလင်းဟာလန်းကတော့ ဖိုင်နယ်ထိ တတ်ရောက်ခဲ့ကြတဲ့ ချယ်လ်ဆီး မန်စီးတီးအသင်းတွေက ကစားသမားတွေထက်ကို ကျော်လွန်ပြီး သွင်းဂိုး(၁၀)ဂိုးနဲ့ကို ချန်ပီယံလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့သလို လက်ရှိမှာလည်း ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါ ပွဲပေါင်း(၅၀) ကစားထားခဲ့အပြီးမှာ သွင်းဂိုးစုစုပေါင်း ဂိုး(၅၀)အထိပါ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : 90Min

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ နော်ဝေတိုက်စစ်ကစားသမားလေး ဟာလန်းဟာ သူရဲ့ အံ့မခန်း စွမ်းဆောင်ရည်တွေကြောင့် ရီးယဲလ်မက်ဒရစ် မန်စီးတီးအသင်းတွေ အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေကြသလို ဟာလန်းရဲ့ စာချုပ်ပါ အချက်အလက်တွေအရလည်း လာမယ့် နွေစျေးကွက်မှာပဲ သူရဲ့ ပေါင်(၆၃)သန်းတန် စာချုပ်လျော်ကြေး ပမာဏက စတင်အသက်ဝင် လာတော့မှာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို မြင့်မားလှတဲ့ တန်ကြေးမျိုးနဲ့တောင် မရောင်းထုတ်ချင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ထိပ်တန်း ကလပ်အသင်းတစ်ခုမှာ ပါဝင်ကစားချင်နေသလို ဒေါ့မွန်အသင်းရဲ့ လက်ရှိအနေအထားတွေအရလည်း ဟာလန်းကို လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ဆုံးရှုံးရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရပါတယ်။

Photo Credit : Be Soccer

ဒေါ့မွန်အသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပွဲစဉ်(၅)ပွဲအထိ ယှဉ်ပြိုင်ခဲ့ပြီးနောက် အဆင့်(၃)နေရာနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့လိုက်ရပြီဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီ တန်းဆင်းသွားခဲ့ရပြီဖြစ်လို့ အသင်းရဲ့ ဝင်ငွေပိုင်းက ထိုးကျလာနိုင်တာကြောင့် လာမယ့်နွေမှာ အသင်းကနေ ပေါင်(၆၃)သန်းနဲ့သာ ထွက်ခွာခွင့်ပြုလို့ ရနိုင်မယ့် ဟာလန်းကို ဆောင်းစျေးကွက်ထဲမှာပဲ ပေါင်(၆၃)သန်းထက် ပိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းထုတ်လာရဖွယ် ရှိနေပါတယ်။ တကယ်လို့ ဒေါ့မွန်ဘက်ကနေသာ ဟာလန်းကို ခပ်စောစောပဲ အရောင်းစာရင်း တင်လိုက်မယ်ဆိုရင် တိုက်စစ်ကစားသမားတစ်ယောက် အလိုရှိနေတဲ့ မန်စီးတီးအသင်းက ကမ်းလှမ်းမှုတွေကို အသေအချာပြုလုပ်လာဖွယ် ရှိနေသလို ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီတို့ကလည်း ဟာလန်းကို မန်စီးတီးနဲ့အပြိုင် ကမ်းလှမ်းလာနိုင်ပါတယ်။ အထူးသဖြင့်တော့ ဘာပေကို လက်လွတ်ရဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီနဲ့ တိုက်စစ်မှူးစစ်စစ်အဖြစ် ဂျေဇူးတစ်ဦးတည်းသာ ရှိလို့နေတဲ့ မန်စီးတီးအသငး်တို့က ဟာလန်းကို အရခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကမ်းလှမ်းလာရနိုင်ပါတယ်။