အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်မှု မြင့်တတ်လျက် ရှိတာကြောင့် ယခုအပတ် ကစားသွားရမယ့် စီးရီးအေ ပွဲစဉ် (၅) ပွဲကို မတ်လမှာ ကစားဖို့ ရွေ့ဆိုးသွားခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် ကစားမယ့် စီးရီးအေ ပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကစားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့လည်း ယခုအပတ် စနေနေ့ မနက်မှာ စီးရီးအေ ပွဲစဉ် (၅) ပွဲကို ရွေ့ဆိုင်းဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရွေ့ဆိုင်းခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၅) ပွဲကိုတော့ နောက် (၂) ပတ်အကြာ မတ်လ (၃) ရက်နေ့ ဗုဒ္စဟူးနေ့မှာ ကစားသွားမယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit: BBC

ယခုအပတ်မှာ ကစားမယ့် စီးရီးအေ ပွဲစဉ်တွေထဲက ရွေ့ဆိုင်းသွားခဲ့တဲ့ ပွဲစဉ် (၅) ပွဲကတော့ ဂျုဗင်တပ် နဲ့ အင်တာမီလန်၊ အူဒီးနီးစ် နဲ့ ဖီအိုရင်တီးနား၊ အေစီမီလန် နဲ့ ဂျီနိုအာ၊ ပါးမား နဲ့ စပဲလ်၊ ဆက်ဆူအိုလို နဲ့ ဘရက်စီယာ၊ စတဲ့ စီးရီးအေ ပွဲစဉ် (၅) ပွဲတွေသာ ဖြစ်ကြပါတယ်။ စီးရီးအေ ပွဲစဉ် (၅) ပွဲကို ရွေ့ဆိုင်းသွားခဲ့တာ ဖြစ်ပေမဲ့လည်း စီးရီးအေ ပွဲစဉ် (၂) ပွဲကိုတော့ ယနေ့ည ကစားကြမှာ ဖြစ်ပြီး (၈း၃၀) အချိန်မှာ ကစားသွားမယ့် လာဇီယို နဲ့ ဘိုလော့ဂ်နာ ပွဲစဉ် နဲ့ (၂း၁၅) အချိန်မှာ ကစားသွားမယ့် နာပိုလီ နဲ့ တိုရီနို ပွဲစဉ်ကို ဆက်ကစားမှာ ဖြစ်ပါတယ်။

Photo Credit: BBC

မနက်ဖြန်ညမှာ ကစားသွားကြမယ့် ပွဲစဉ်တွေထဲက ပွဲစဉ် (၂) ပွဲကိုတော့ မရွေ့ဆိုင်းခဲ့ကြဘဲ ပုံမှန် အတိုင်း ကစားသွားမှာ ဖြစ်ပြီး (၈း၃၀) အချိန်မှာ ကစားမယ့် လက်ချီ နဲ့ အတ္တလန်တာ ပွဲစဉ် နဲ့ ကာဂလီယာရီ နဲ့ ရိုးမား ပွဲစဉ် စသဖြင့် (၂) ပွဲကို ဆက်ကစားသွားမှာပဲ ဖြစ်ပါတယ်။ တနင်္ဂလာနေ့ည၊ အင်္ဂါနေ့ နံနက် (၂း၁၅) အချိန်မှာ ကစားသွားမယ့် ဆမ်ဒိုးရီးယားအသင်း နဲ့ ဗီရိုနာအသင်းတို့ရဲ့ ပွဲစဉ်ကို ရွေ့ဆိုင်းမလား၊ ပုံမှန်အတိုင်း ဆက်ကစားသွားမလား ဆိုတာမဆုံးဖြတ်ရသေးတာကြောင့် ရွေ့ဆိုင်းသွားနိုင်သလို ပုံမှန်အတိုင်း ဆက်ကစားနိုင်ပါတယ်။

ခြံပြီး ပြန်ဖော်ပြရရင်

ရွေ့ဆိုင်းမယ့် ပွဲစဉ် (၅) ပွဲမှာ
– ဂျုဗင်တပ် နဲ့ အင်တာမီလန်
– အူဒီးနီးစ် နဲ့ ဖီအိုရင်တီးနား
– အေစီမီလန် နဲ့ ဂျီနိုအာ
– ပါးမား နဲ့ စပဲလ်
– ဆက်ဆူအိုလို နဲ့ ဘရက်စီယာ

ပုံမှန် ကစားမယ့် ပွဲစဉ် (၄) ပွဲမှာ
– လာဇီယို နဲ့ ဘိုလော့ဂ်နာ
– နာပိုလီ နဲ့ တိုရီနို
– လက်ချီ နဲ့ အတ္တလန်တာ
– ကာဂလီယာရီ နဲ့ ရိုးမား

မဆုံးဖြတ်ရသေးတဲ့ ပွဲစဉ် (၁) ပွဲမှာ
– ဆမ်ဒိုးရီးယား နဲ့ ဗီရိုနာ