အီတလီဘောလုံးလောကရဲ့ ရှံးထွက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကိုပါအီတလီယာပြိုင်ပွဲကတော့ လက်ရှိအချိန်မှာ ဆီမီးဖိုင်နယ်အဆင့်ထိကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီနေ့နဲ့ မနက်ဖြန်ညတွေမှာ ပထမအကျော့ပွဲစဉ်တွေကို ဆင်နွဲသွားတော့မှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ဖြစ်နေတာရော ပြိုင်ပွဲဝင်မယ့် အသင်း၄သင်းလုံးကလည်း စီးရီးအေရဲ့ထိပ်သီးအသင်းတွေဖြစ်နေတဲ့ ဂျုဗင်တပ်စ် အင်တာမီလန် အေစီမီလန်နဲ့ နာပိုလီတို့ဖြစ်နေတာကြောင့် စိတ်ဝင်စားစရာအပြည့်ြုဖစ်နေမှာ အသေအချာပါပဲဗျာ။ ဒါဆို တစ်ပွဲချင်းစီရဲ့အကြောင်းတွေဆီကို သွားရအောင်ဗျာ။

Photo Credit : Kompas.com

အင်တာမီလန် နဲ့ နာပိုလီ (မနက်၂နာရီ၁၅မိနစ်)
အင်တာက ဒီရာသီ စိးရီးအေပြိုင်ပွဲမှာ အိမ်ကွင်းရှုံးပွဲက တစ်ပွဲဲသာရှိထားပြီး ဂျုဗင်တပ်စ်ကိုပဲဲ ရှုံးထားတာဖြစ်သလို ဂျုဗင်တပ်စ်နဲ့ လာဇီယိုပြီးရင် ဒီရာသီစီးရီးအေရဲ့အိမ်ကွင်းတတိယအကောင်းဆုံးအသင်း ဖြစ်နေပါတယ်။ နာပိုလီရဲ့အဝေးကွင်းစွမ်းရည်က သာမာန်အဆင့်လောက်မှာသာရှိနေတဲ့အပြင် ဒီရာသီ စီးရီးအေပြိုင်ပွဲအတွင်း အင်တာနဲ့ဆုံရမှာလည်း အရေးနိမ့်ထားခဲ့ပါတယ်။ အင်တာက ဒီပွဲမှာ ဟန်ဒါနိုဗစ် မာတီနက်ဇ်တို့ကို ပြန်လည်အသုံးပြုလာနိုင်တော့မှာဖြစ်တဲ့အပြင် မီလန်ဒါဘီနိုင်ပွဲလည်း စိတ်ဓါတ်တတ်ကြွနေမှာ သေချာပါတယ်။ ပထမအကျော့မှာတော့ အင်တာပဲ နိုင်ပွဲရယူနိုင်ဖို့ အခြေအနေများနေပြီး ဂိုးတော့မပြတ်နိုင်လောက်ပါဘူး။

Photo Credit : Media Outlook

အေစီမီလန် နဲ့ ဂျုဗင်တပ်စ် (မနက်ဖြန် မနက်၂နာရီ၁၅မိနစ်)
မီလန်ကတော့ နိုင်ပွဲတွေ တောက်လျှောက်ရနေပြီး မီလန်ဒါဘီမှာလည်း ပထမပိုင်းအတွင်း အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်ခဲ့ပေမယ့် အင်တာမီလန်နဲ့ပွဲမှာ ဒုတိယပိုင်းအတွင်း အနိုင်ကနေ အရှံုးရလဒ်ဖြစ်သွားခဲ့လို့ ဒီပွဲမှာ ပြန်လည်ပေါက်ကွဲနိုင်ပါတယ်။ ဒီလိုပါပဲ ဂျုဗင်တပ်စ်ကလည်း နိုင်ပွဲတွေ ဆက်တိုက်ရယူထားပြီးမှ ဗီရိုနာနဲ့ပွဲမှာ ရှံုးပွဲတွေ့ခဲ့တာဖြစ်လို့ သူတို့အသင်းလည်း ဒီပွဲမှာ ပေါက်ကွဲလာမှာလည်း သေချာပါတယ်။ ဆိုတော့ ဒီပွဲက ရော်နယ်ဒိုနဲ့ အီဗရာဟီမိုဗစ်တို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပွဲတစ်ပွဲဆိုတာထက်ကို ပိုပြီးလေးနက်နေမှာ သေချာပါတယ်။ လက်ရှိအနေအထားတွေအရတော့ ဧည့်သည်ဂျုဗင်တပ်စ်တို့ အဝေးကွင်းမှာ မရှံုးအောင်ကစားနိုင်မယ်လို့ ထင်မိပါတယ်ခင်ဗျာ။