MySport Myanmar

သည်းခြေအိတ်ရောဂါကြောင့် ချယ်လ်ဆီးနဲ့ပွဲကို ထပ်မံ လွဲချော်ဦးမယ့် ကွန်တီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီက သည်းခြေအိတ်ကို ခွဲစိတ်ခဲ့ရတာကြောင့် ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ဝက်စ်ဟမ်းပွဲကို လွဲချော်ခဲ့ရသလို လာမယ့်အပတ်မှာ ယှဉ်ပြိုင် ကစားရမယ့် စပါးနဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်ကိုပါ ထပ်မံ လွဲချော်ဦးမယ်လို့ စပါးရဲ့ လက်ထောက်နည်းပြ စတယ်လီနီက အတည်ပြုသွားခဲ့ပါတယ်။

အီတလီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ကွန်တီက ယခုလ အစောပိုင်းမှာ ရုတ်တရတ် ဗိုက်အရမ်းအောင့်လာတာကြောင့် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ သည်းခြေစိတ်ရောဂါ ရနေကြောင်း သိခဲ့ရပြီး ချက်ချင်းပဲ အီတလီနိုင်ငံဆီ ပြန်ကာ သည်းခြေအိတ် ခွဲစိတ်မှုကို လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit: Express

သည်းခြေအိတ် ခွဲစိတ်ပြီးနောက် ကွန်တီက အနားမယူပဲ အင်္ဂလန်နိုင်ငံဆီ ပြန်လာကာ စပါးကို ကိုင်တွယ်ခဲ့ပေမယ့် ခွဲစိတ်ထားတဲ့ ဒဏ်ရာက အကင်းမသေသေးတာကြောင့် ပြန်နာလာခဲ့ပြီး သူ့ရဲ့ ဒဏ်ရာကို အရှင်း ပျောက်ကင်းအောင် ကုသနိုင်ဖို့ အတွက် အီတလီနိုင်ငံဆီ ထပ်ပြန်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ကွန်တီက အီတလီနိုင်ငံမှာ ဆေးကုသမှုတွေ ခံယူနေခဲ့ပြီး ယမန်နေ့ညမှာ ကစားခဲ့တဲ့ စပါး ၂-၀ ဝက်စ်ဟမ်း ပွဲစဉ်မှာ စတယ်လီနီက ကွန်တီအစား စပါးကို ဦးဆောင် ကိုင်တွယ်ခဲ့ရသလို ရလဒ်ကောင်း တခု ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express

စပါး ၂-၀ ဝက်စ်ဟမ်း ပွဲအပြီးမှာတော့ စတယ်လီနီက သူတို့ဟာ ကွန်တီနဲ့ ပူးပေါင်းကာ စပါးရဲ့ ပွဲထွက်လူစာရင်း ၊ ကစားပုံနဲ့ လူစားလဲမှုတို့ကို လုပ်ဆောင်ခဲ့ပြီး ကွန်တီဟာ ဒဏ်ရာ အကင်းမသေသေးတာကြောင့် ယခုတပတ်ထဲမှာ သူတို့ဆီ ပြန်လာနိုင်ဦးမှာ မဟုတ်ပဲ စပါးနဲ့ ချယ်လ်ဆီးတို့ ပွဲပြီးမှသာ အင်္ဂလန်နိုင်ငံဆီ ပြန်ရောက်လာလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

စတယ်လီနီက – “ကွန်တီက ချယ်လ်ဆီးနဲ့ပွဲ အမှီ ပြန်လာနိုင်မယ်လို့ မထင်ဘူးဗျ။ သူက နောက်တပတ်လောက်မှပဲ ပြန်လာနိုင်ပါလိမ့်မယ်။ သူက အေစီမီလန်နဲ့ပွဲ ဒါမှမဟုတ် ဝုလ်ဗ်နဲ့ပွဲမှာ အသင်းအတွက် ရှိနေပါလိမ့်မယ်” လို့ ကွန်တီ တယောက် စပါးနဲ့ ချယ်လ်ဆီးပွဲကို လွဲချော်မယ့် အကြောင်းအား အတည်ပြုသွားခဲ့တာပါ။

Exit mobile version