MySport Myanmar

ဖလား ရရှိထားဖူးတဲ့ အသင်းကိုသာ ကိုင်တွယ်သွားမယ်လို့ ပြောဆိုရင်း စပါးကို ခနဲ့လိုက်တဲ့ ကွန်တီ

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ အန်တိုနီယို ကွန်တီက တကယ်လို့ သူ့အနေနဲ့ နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်တော့မယ်ဆိုရင် သိပ်မကြာသေးခင်ကမှ ဆုဖလားတွေ ရယူထားဖူးတဲ့ ကလပ်အသင်းကိုသာ ကိုင်တွယ်သွားမယ်လို့ ပြောဆိုရင်း အသင်းဟောင်းကို ခနဲ့လိုက်ပါတယ်။

အသက် (၅၄)နှစ်အရွယ် အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ကွန်တီက ၂၀၂၁ နိုဝင်ဘာမှာ စတင် ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒုတိယမြောက် ရာသီမှာ အသင်းက ကစားသမားတွေ အသင်းပိုင်ရှင်တွေနဲ့ အဆင်မပြေ ဖြစ်လာခဲ့ရာကနေ နောက်ဆုံး အသင်းနဲ့ လမ်းခွဲဖြစ်ခဲ့ပါတယ်။

Photo Credit : TEAMtalk

နည်းပြဘဝအတွင်း ဂျုဗင်တပ်စ် အင်တာမီလန် ချယ်လ်ဆီး နဲ့ အီတလီ လက်ရွေးစင်အသင်းတွေထိ ကိုင်တွယ်ခဲ့ဖူးတဲ့ ကွန်တီဟာ ချယ်လ်ဆီး အင်တာ ဂျုဗင်တို့နဲ့ ဆုဖလားတွေ ရယူနိုင်ခဲ့ပေမယ့်လည်း စပါးအသင်းမှာတော့ ဖလားရယူနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ကစားသမားတွေ ကိုယ်တိုင်ကလည်း အသင်းအတွက် သေချာ မကစားပေးနိုင်ဘူးလို့ပါ ကွန်တီ လူသိရှင်ကြား ပြစ်တင်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လကနေ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ နည်းပြကွန်တီဟာ သိပ်မကြာသေးခင်ကပဲ နာပိုလီအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖွယ် မရှိသေးပဲ ရည်မှန်းချက် ပြင်းထန်တဲ့ အသင်းမျိုးနဲ့မှ လက်တွဲသွားဖို့ ရှိနေပါတယ်။

Photo Credit : The Sun

“တစ်နေ့မှာတော့ မကြာသေးမီက ဆုဖလား ရရှိထားတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်သွားချင်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ချယ်လ်ဆီးကို အဆင့် (၇)နေရာနဲ့ ကိုင်တွယ်ထားခဲ့တာ ဖြစ်သလို ဂျုဗင်တပ်စ်ဆိုရင်လည်း အဲ့ဒီအတိုင်းပါပဲ။”

“အခုတော့ မိသားစုနဲ့ ကိုယ်တိုင်အတွက် အချိန်တွေ ပိုရှိလာအောင် နည်းပြအလုပ်ကို ခဏ စွန့်ခွာထားပါတယ်။ ဘောလုံးမှာ ဘာတွေ အပြောင်းအလဲတွေ ရှိနေလဲ ဆိုတာကို ကြည့်ပြီး အခြေအနေအသစ်တွေကို နားလည်အောင် ဆက်လက် လေ့လာနေပါတယ်။ ကျွန်တော် ပြန်လာတဲ့အခါ ထိပ်တန်း စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖို့ ပိုအဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော် နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်တဲ့အခါ တခြားလူတိုင်းအတွက် ခက်ခဲလိမ့်မယ်။” ကွန်တီက ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version