MySport Myanmar

လူကာကူကို အပြီးသတ် ခေါ်ယူဖို့ အင်တာမီလန်အား အကြံပေးလိုက်တဲ့ ကွန်တီ

September 21, 2019, Milano, Italia: Foto Massimo Paolone/LaPresse .21 settembre 2019 Milano, Italia .sport calcio .Milan vs Inter - Campionato di calcio Serie A TIM 2019/2020 - stadio San Siro.Nella foto: Romelu Lukaku (FC Internazionale Milano) esulta con Antonio Conte (FC Internazionale Milano) dopo aver realizzato il gol 0-2..Photo Massimo Paolone/LaPresse .September 21, 2019 Milan, Italy .sport soccer .Milan vs Inter - Italian Football Championship League A TIM 2019/2020 - San Siro stadium.In the pic: Romelu Lukaku (FC Internazionale Milano) celebrates with Antonio Conte (FC Internazionale Milano) after scoring goal 0-2 (Credit Image: © Massimo Paolone/Lapresse via ZUMA Press)

ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန်နဲ့ စပါးတို့ရဲ့ နည်းပြဟောင်း ဖြစ်သူ ကွန်တီက သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်ဟာ ချယ်လ်ဆီးကနေ တရာသီအငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ရိုမီလု လူကာကူကို အပြီးသတ် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

စပါးနဲ့ လမ်းခွဲပြီးနောက် ဘောလုံးလောက ကနေ ခေတ္တ အနားယူနေတဲ့ ကွန်တီက အင်တာမီလန်နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ချိန်မှာ လူကာကူကို မန်ချက်စတာ ယူနိုက်တက် ကနေ အင်တာမီလန်ဆီ ခေါ်ယူခဲ့ပြီး သူ့ရဲ့ လက်အောက်မှာ အင်တာမီလန်က စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့သလို လူကာကူကလည်း အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်။

Photo Credit: Sky Sports

အင်တာမီလန်မှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့်ပဲ ၂၀၂၁ခုနှစ်မှာ ချယ်လ်ဆီးက လူကာကူကို အင်တာမီလန် ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၁၃သန်း အထိ ပေးချေကာ ခေါ်ယူခဲ့ပေမယ့် လူကာကူဟာ ချယ်လ်ဆီးထံ ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ လူကာကူက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာ ချယ်လ်ဆီး ကနေ အင်တာမီလန်ထံ တရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီး လူကာကူက အင်တာမီလန်ဆီ တကျော့ပြန် ပြန်လည် ရောက်ရှိချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲများများ မကစားပေးနိုင်ခဲ့ပေမယ့် အင်တာမီလန် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

လက်ရှိမှာ အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက လူကာကူကို နောက်ထပ် ၁ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ချယ်လ်ဆီးက အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ လူကာကူကို အငှားထပ်မချချင်ပဲ အပြီးသတ် ရောင်းချဖို့သာ ဆုံးဖြတ်ထားပြီး ကွန်တီကတော့ အင်တာမီလန်ဟာ လူကာကူကို အပြီးသတ် ခေါ်ယူသင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။

ကွန်တီက – “လူကာကူက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မိနစ် ၃၀ပဲ ကစားခွင့် ရခဲ့ပေမယ့် သူ ဘာလုပ်နိုင်လဲ ဆိုတာကို ကောင်းကောင်းကြီး ပြသသွားခဲ့ပါတယ်။ လူကာကူ ကစားခဲ့တဲ့ အချိန်တွေက အင်တာမီလန်အသင်း ဂိုးသွင်းခွင့် အများဆုံး ရခဲ့တဲ့ အချိန်တွေပါပဲ။ လူကာကူလို ခွန်အားကြီးမားတဲ့ ကစားသမား တယောက်က ပွဲတပွဲကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ လူကာကူက ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဘယ်သူကမှ သူ့ရဲ့ အရည်အသွေးကို သံသယ မဝင်ကြပါဘူး” လို့ ထုတ်ဖော် ပြောကြားကာ အင်တာမီလန်ဟာ လူကာကူကို အပြီးသတ် ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့တာပါ။

Exit mobile version