ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ ရှုံးထွက်ဖလားဖြစ်တဲ့ ကိုပါအီတာလီယာဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် နာပိုလီအသင်းဟာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အင်တာမီလန်အသင်းကို အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

Photo Credit: Standard.com

ဆန်စီရိုမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အင်တာမီလန်အသင်းဟာ နာပိုလီအသင်းကို အသာစီးရရှိဖို့အတွက် အပြင်းအထန် ကြိုးစားကစားခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ နာပိုလီအသင်းကသာ ရရှိသွားခဲ့တာပါ။ နာပိုလီအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၅၆မိနစ်မှာ ကွင်းလယ်လူ ဖေဘီယန်က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

ပွဲစဉ်ပြီးဆုံးသွားချိန်မှာတော့ အင်တာမီလန် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီက နာပိုလီအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်အသင်းပြီးနောက် အကောင်းဆုံးလူစာရင်းကို ပိုင်ထားတဲ့အသင်းဖြစ်ကြောင်း ချီးကျူးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ကွန်တီက –

Photo Credit: Standard.com

” ဂတ်တူဆိုက ကျွန်တော်တို့ အင်တာမီလန် ဟာ အရမ်းကောင်းတဲ့ လူစာရင်းကို ပိုင်တယ် လို့ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်မှာတော့ နာပိုလီအသင်းဟာ ဂျူဗင်တပ် ပြီးတဲ့နောက် စီးရီးအေရဲ့ ဒုတိယမြောက် အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းပါ ” လို့ ချီးကျူးစကားဆိုသွားခဲ့တာပါ။