MySport Myanmar

စီးရီးအေကို တကျော့ပြန်ဖွယ်ရှိသူ ကွန်တီကို အင်တာ နဲ့ ဂျုဗီတို့ စိတ်ဝင်စားနေ

လာမယ့် ဘောလုံးရာသီမှာ အီတလီ စီးရီးအေ ကလပ်အသင်းတွေ ပြန်လည် ကိုင်တွယ်ဖွယ် ရှိနေတဲ့ အီတလီလူမျိုး ဘောလုံးနည်းပြ အန်တိုနီယိုကွန်တီကို သူရဲ့အသင်းဟောင်းတွေဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့နေ အသင်းနည်းပြအဖြစ် ပြန်လည် ခန့်အပ်သွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အသက်(၅၃)နှစ်အရွယ် နည်းပြကြီး ကွန်တီဟာ ဖေဖော်ဝါရီလအတွင်း သည်းခြေအိတ် ခွဲစိတ်မှု ခံယူပြီးနောက် သူရဲ့ ခွဲစိတ်မှု ကိစ္စရပ်တွေ အဆင်ပြေချောမွေ့နေစေဖို့အတွက် အီတလီနိုင်ငံအတွင်းမှာ အနားယူမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒီနေ့ လန်ဒန်မှာ ကစားရမယ့် စပါးအသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို စပါးအသင်းနည်းပြအဖြစ် ကွန်တီက တာဝန်ယူသွားဖို့ ရှိနေပါတယ်။ ကွန်တီဟာ စပါးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ် ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကွန်တီအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ထက် အီတလီကိုသာ ပြန်ဖို့သာ ဆန္ဒရှိနေပါတယ်။

Photo Credit : The Sun

The Times ရဲ့ သတင်းဖော်ပြချက်တွေအရ နည်းပြကွန်တီဟာ သူရဲ့ ခွဲစိတ်မှုအပြီး အီတလီမှာ ပြန်အနားယူနေစဉ်အတွင်း သူရဲ့မွေးရပ်မြေမှာ တစ်ကျော့ပြန် နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖို့ ဆန္ဒရှိလာခဲ့သလို သူ့ကိုလည်း နာမည်ကျော် စီးရီးအေ ကလပ်အသင်းတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်တို့က သူတို့အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်တစား ရှိနေပါတယ်။ အင်တာနဲ့ ဂျုဗင်တပ်စ်အသင်းတွေဟာ ကွန်တီ ကိုင်တွယ်ခဲ့ဖူးတဲ့ စီးရီးအေကလပ်တွေ ဖြစ်ကြပြီး ဒီအသင်းတွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : EWN

ကွန်တီက ဂျုဗင်တပ်စ်အသင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက စီးရီးအေ ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ရယူပေးနိုင်ခဲ့သလို စူပါကိုပါအီတလီယာ (၂)ကြိမ်ပါ ဆွတ်ခူးစေခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေကို တစ်ကျော့ပြန် ရောက်လာချိန်မှာလည်း သူရဲ့ ပထမရာသီမှာ အသင်းကို ယူရိုပါလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပြီး နောက်ရာသီမှာလည်း အသင်းနဲ့ ဆယ်စုနှစ်တစ်ခုလောက် ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆုကို ပြန်လည် ရယူပေးသွားနိုင်ခဲ့ပါတယ်။

 

Exit mobile version