MySport Myanmar

ရာသီအကုန်မှာ လူးကပ်စ်မော်ရာ စပါးနဲ့ လမ်းခွဲတော့မယ်လို့ ကွန်တီ အတည်ပြု

ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းရဲ့ ဘရာဇီးလ် ညာတောင်ပံ ကစားသမား လူးကပ်စ်မော်ရာဟာ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ်လို့ တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီကိုယ်တိုင် အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၃၀)အရွယ် ရှိပြီဖြစ်တဲ့ ဘရာဇီးလ် ကစားသမား မော်ရာဟာ ဘရာဇီးလ် နာမည်ကျော်ကလပ် ဆော်ပေါ်လို လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ ဆော်ပေါ်လိုကနေ ပီအက်စ်ဂျီကို ပြောင်းရွေ့လာခဲ့သလို ပီအက်စ်ဂျီမှာ (၅)နှစ်ကျင်လည်ပြီးနောက် ၂၀၁၈မှာပဲ စပါးအသင်းဆီ ထပ်မံ ပြောင်းရွေ့ဖြစ်ခဲ့ပါတယ်။ စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၄၅)ပွဲအထိ ပါဝင်ကစားထားတဲ့ မော်ရာဟာ လာမယ့် ဇွန်လ(၃၀)ရက်နေ့မှာ စပါးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားတော့မှာဖြစ်ပြီး အသင်းကလည်း မော်ရာကို စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိတော့တာကြောင့် မော်ရာအနေနဲ့ အခုနွေမှာပဲ အသင်းကနေ အလွတ်နဲ့ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

မော်ရာရဲ့ စာချုပ်အခြေအနေနဲ့ ပတ်သတ်ပြီး စပါးနည်းပြ ကွန်တီက “ဒါက ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူရဲ့ စာချုပ်သက်တမ်းကို တိုးမြှင့်တော့မှာ မဟုတ်ပါဘူး။ ဒီရာသီက လူးကပ်စ်အတွက် ခက်ခဲတဲ့ ရာသီပါ။ စိတ်ထဲမှာ ရှိတဲ့အတိုင်း ရိုးရိုးသားသား ပြောရရင် ဒီရာသီအ အသင်းအတွက် စီစဉ်ထားတဲ့အချိန်မှာ လူးကပ်စ်က ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေခဲ့ရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ စပါးကစားသမားအဖြစ် (၆)ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတဲ့ မော်ရာဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက စပါးအသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိပင် ရောက်ရှိခဲ့ဖူးပြီး ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ရလို့ ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက်ကိုလည်း ၂၀၁၈ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ (၃၅)ပွဲ ပါဝင်ကစားထားနိုင်တဲ့ မော်ရာဟာ ဥရောပ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် လာမယ့်နွေမှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းလာမယ့် အသင်းအရေအတွက်ဟာလည်း များပြားနိုင်မှာ အသေအချာပါပဲ။

Exit mobile version