အာဆင္နယ္အသင္းဟာ အားနည္းေနတဲ့ ခံစစ္ေၾကာင္းကို ျပန္လည္ တည္ေဆာက္တဲ့ အေနနဲ႔ ဖလာမင္ဂို ေနာက္ခံ ကစားသမား ပါဘလို မာရီကို ယူ႐ို (၅) သန္း ဝန္းက်င္နဲ႔ ရာသီကုန္အထိ အငွားနဲ႔ ေခၚယူလိုက္ၿပီ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ေနာက္ခံလူ မာရီရဲ႕ ေျခစြမ္းကို သေဘာက်တယ္ ဆိုရင္ အၿပီးသတ္ စာခ်ဳပ္ ခ်ဳပ္ႏိုင္ခြင့္ ရွိၿပီး ေနာက္ခံ ကစားသမား ပါဘလို မာရီကို ေခၚယူလိုက္ၿပီ ျဖစ္ေၾကာင္းကို ယေန႔၊ ၾကာသပေတးေန႔ညမွာ အတည္ျပဳခဲ့ပါတယ္။

Photo Credit: Arseblog

ေနာက္ခံလူ ပါဘလို မာရီဟာ လြန္ခဲ့တဲ့ (၂၀၁၆) ခုႏွစ္က မန္စီးတီးအသင္းကို ေရာက္လာခဲ့တာေၾကာင့္ မန္စီးတီးအသင္းရဲ႕ လက္ေထာက္နည္းျပေဟာင္း၊ လက္ရွိ အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာနဲ႔ သိခဲ့ၾကပါတယ္။ အာဆင္နယ္ နည္းျပ အာတီတာဟာ မန္စီးတီးအသင္းမွာ လက္ေထာက္ နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့စဥ္က ေနာက္ခံလူ ပါဘလို မာရီရဲ႕ ေျခစြမ္းကို သိရွိေနခဲ့ၿပီ ျဖစ္ၿပီး သူ႔ရဲ႕ လက္ထက္မွာ ပထမဆုံး ေခၚယူမႈ အျဖစ္ ေနာက္ခံလူ မာရီကို ေခၚယူခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Arseblog

ေနာက္ခံလူ ပါဘလို မာရီဟာ မန္စီးတီးအသင္းမွာ (၁) ပြဲမွ မကစားခဲ့ရဘဲနဲ႔ ဂ်ီ႐ိုနာအသင္းကို အငွားနဲ႔ သြားကစားခဲ့ၿပီး ၿပီးခဲ့တဲ့ ႏွစ္က ဖလာမင္ဂိုအသင္းကို ေပါင္ (၁) သန္း ဝန္းက်င္နဲ႔ အၿပီးသတ္ ေျပာင္းသြားခဲ့ပါတယ္။ သူဟာ ဖလာမင္ဂိုအသင္းအတြက္ ကစားခဲ့စဥ္က လီဗာပူးလ္ အသင္းနဲ႔ ကစားခဲ့တဲ့ ကလပ္ကမာၻ႔ဖလား ၿပိဳင္ပြဲမွာ ပြဲထြက္ ကစားခဲ့ၿပီး အာဆင္နယ္အသင္းဟာ ေနာက္ခံလူ ခ်မ္ဘာ ဒဏ္ရာရစဥ္ကတည္းက သူ႔ကို ခ်ိတ္ဆက္ခဲ့ၿပီး အခု ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

{Unicode}

အာဆင်နယ်အသင်းဟာ အားနည်းနေတဲ့ ခံစစ်ကြောင်းကို ပြန်လည် တည်ဆောက်တဲ့ အနေနဲ့ ဖလာမင်ဂို နောက်ခံ ကစားသမား ပါဘလို မာရီကို ယူရို (၅) သန်း ဝန်းကျင်နဲ့ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ခံလူ မာရီရဲ့ ခြေစွမ်းကို သဘောကျတယ် ဆိုရင် အပြီးသတ် စာချုပ် ချုပ်နိုင်ခွင့် ရှိပြီး နောက်ခံ ကစားသမား ပါဘလို မာရီကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်းကို ယနေ့၊ ကြာသပတေးနေ့ညမှာ အတည်ပြုခဲ့ပါတယ်။

Photo Credit: Arseblog

နောက်ခံလူ ပါဘလို မာရီဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က မန်စီးတီးအသင်းကို ရောက်လာခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြဟောင်း၊ လက်ရှိ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာနဲ့ သိခဲ့ကြပါတယ်။ အာဆင်နယ် နည်းပြ အာတီတာဟာ မန်စီးတီးအသင်းမှာ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်က နောက်ခံလူ ပါဘလို မာရီရဲ့ ခြေစွမ်းကို သိရှိနေခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ပထမဆုံး ခေါ်ယူမှု အဖြစ် နောက်ခံလူ မာရီကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Arseblog

နောက်ခံလူ ပါဘလို မာရီဟာ မန်စီးတီးအသင်းမှာ (၁) ပွဲမှ မကစားခဲ့ရဘဲနဲ့ ဂျီရိုနာအသင်းကို အငှားနဲ့ သွားကစားခဲ့ပြီး ပြီးခဲ့တဲ့ နှစ်က ဖလာမင်ဂိုအသင်းကို ပေါင် (၁) သန်း ဝန်းကျင်နဲ့ အပြီးသတ် ပြောင်းသွားခဲ့ပါတယ်။ သူဟာ ဖလာမင်ဂိုအသင်းအတွက် ကစားခဲ့စဉ်က လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲထွက် ကစားခဲ့ပြီး အာဆင်နယ်အသင်းဟာ နောက်ခံလူ ချမ်ဘာ ဒဏ်ရာရစဉ်ကတည်းက သူ့ကို ချိတ်ဆက်ခဲ့ပြီး အခု ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။