MySport Myanmar

ဆာဂျီ ရောဘတ်တိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ဖာဘရီဂတ်စ်ရဲ့ ကိုမိုပါ ပါဝင်လာ

အသက် (၁၄)နှစ်သား အရွယ်ကတည်းက ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လူငယ်အကယ်ဒမီ လာမာစီယာကို ရောက်ရှိနေခဲ့ပြီး ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာ တစ်သင်းတည်းမှာပဲ ကစားခဲ့ဖူးတဲ့ ဆာဂျီ ရောဘတ်တိုဟာ အခုတော့ ဘာစီလိုနာကနေ ထွက်ခွာလာခဲ့ပြီး free agent player တစ်ဦး ဖြစ်နေခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၂)နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ဆာဂျီ ရောဘတ်တိုဟာ ဘာစီလိုနာရဲ့ အားအထားရဆုံး ကစားသမား ဖြစ်ပေမယ့် လက်ရှိမှာတော့ လက်တွဲဖြုတ်လိုက်ပြီဖြစ်ပြီး သူ့ကိုလည်း ကလပ်အသင်းပေါင်းစုံ များစွာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

Photo Credit : Barca Blaugranes

ဆာဂျီ ရောဘတ်တိုုဟာ ကွင်းလယ်ကစားသမား ဖြစ်ပေမယ့်လည်း ညာနောက်ခံနေရာမှာလည်း ကစားတက်သလို ကွင်းလယ်ခံစစ်လည်း ကစားနိုင်သူလည်း ဖြစ်တာကြောင့် ဒီလို ကစားသမားမျိုးကို ခေါ်ယူနိုင်မယ့် ကလပ်အသင်းအတွက်ကတော့ တကယ်ကို အကျိုးရှိစေမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဆာဂျီ ရောဘတ်တိုကို လာလီဂါကလပ် ဆီဗီလာ နယ်သာလန်ကလပ် အေဂျက်စ်တို့နဲ့ စီးရီးအေ ကလပ်အသင်းတွေဖြစ်တဲ့ ရိုးမား ဖီအိုရင်တီးနား ကိုမိုအသင်းတွေကပါ စိတ်ဝင်စားလျက် ရှိနေကြပါတယ်။ ဒါ့အပြင် မက်ဆီ ဆွာရက်ဇ် ဘူးစကွက်စ်နဲ့ အယ်လ်ဘာတို့ ရှိနေတဲ့ အင်တာ မိုင်ယာမီကလည်း ရောဘတ်တိုကို ခေါ်ယူချင်မှာ သေချာနေပါတယ်။

Photo Credit : Marca

ဆာဂျီ ရောဘတ်တိုအနေနဲ့ လက်ရှိအသက်အရွယ်အရ ဥရောပ ဘောလုံးနယ်ပယ်မှာပဲ ဆက်လက် ကျင်လည်သွားဖို့ ဆန္ဒရှိမှာဖြစ်လို့ မက်ဆီတို့ရဲ့ မိုင်ယာမီအသင်းထက် ဥရောပ ကလပ်အသင်းတွေဆီကိုသာ ဦးစားပေး ပြောင်းရွှေ့ဖွယ် ရှိနိုင်ပါတယ်။

ဒီထဲမှာမှ သူနဲ့အတူ ဘာစီလိုနာအသင်းမှာရော လာမာစီယာ အကယ်ဒမီမှာ အတူ ဖြတ်သန်းခဲ့ဖူးမယ့် ဖာဘရီဂတ်စ်ရဲ့ ကလပ်အသင်းဖြစ်တဲ့ ကိုမိုကလည်း ဆာဂျီ ရောဘတ်တိုကို ခေါ်ယူချင်နေပါတယ်။ ဖာဘရီဂတ်စ်က ကိုမိုအသင်းကို ကိုင်တွယ်နေစဉ် စပိန် ဝါရင့် ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ရိန်နာ နောက်ခံအစွန်လူ မော်ရီနိုနဲ့ လာလီဂါ ကစားသမားဟောင်း ဗာရန်းကိုပါ ခေါ်ယူလို့ထားပြီး အခု ရောဘတ်တိုကိုလည်း အလိုရှိနေပြန်ပါတယ်။

Exit mobile version