ကလပ်အသင်းနဲ့ လုပ်ခလစာပိုင်း ညှိနှိုင်းရ အဆင်မပြေနေတာကြောင့် စျေးကွက်တွေအတွင်းမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်လာနိုင်တယ်လို့ သတင်းထွက်လို့နေတဲ့ ပြင်သစ်တောင်ပံ တိုက်စစ်ကစားသမား ကင်စလေကိုးမန်းဟာ သတင်းထွက်နေသလို သူရဲ့လက်ရှိကလပ် ဘိုင်ယန်မြူးနစ်နဲ့ လက်တွဲဖြုတ်သွားခြင်း မရှိတဲ့အပြင် ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိနေတဲ့ စာချုပ်သစ်တစ်ရပ်ကိုပါ ချုပ်ဆိုသွားခဲ့ပါတယ်။

Bayern Munich′s future forming as Kingsley Coman signs extension | Sports |  German football and major international sports news | DW | 12.01.2022

Photo Credit : DW

ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ကိုးမန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်တလျှောက်လုံး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ဆက်တိုက်ထွက်ပေါ်ခဲ့သလို ဘိုင်ယန်မှာလည်း အသင်းရဲ့ အဓိက ကစားသမားကြီး လီဝန်ဒေါစကီး ရရှိနေတဲ့ လစာမျိုးကို ရရှိချင်နေတာကြောင့် စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်နေရတယ်ဆိုပြီးပါ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ ကိုးမန်းဟာ ဘိုင်ယန်နဲ့ ၂၀၂၇ခုနှစ်အထိပါ စာချုပ်သက်တမ်းတိုးသွားခဲ့ရပြီး ဘာကြောင့် အသင်းနဲ့ သက်တမ်းတိုးဖို့ကိုပဲ ရွေးချယ်ခဲ့ရသလဲဆိုတာကို ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Bayern Munich: Kingsley Coman renewal will aide summer plans

Photo Credit : Bayern Strike

ကိုးမနး်က “ကျွန်တော် ဒီမှာက အကုန်လုံးကို ရယူနိုင်ခဲ့တယ်။ ဒါကြောင့် တခြားနေရာကို သွားကြည့်နေစရာကို မလိုတာပါ။ ဘိုင်ယန်မြူးနစ်ဆိုတာ ကျွန်တော့်အတွက်တော့ မိသားစုတစ်ခုလိုပါပဲ။ အထူးသဖြင့်တော့ ရာသီအစပိုင်း ကျွန်တော်ရဲ့ နှလုံးခွဲစိတ်မှုအပြီးမှာ ကျွန်တော် ရရှိခဲ့တဲ့ အကူအညီတွေ အားလုံးအတွက် တစ်ခုခုကို ပြန်လည်ပေးဆပ်သွားချင်လာတာ အသိအသာပါပဲ။ ခင်ဗျားအနေနဲ့ ကိုယ့်ကို ပ့ံပိုးအားပေးနေသူတွေအတွက် တိုက်ပွဲဝင်သွားချင်လာမယ် အရာရာကို လုပ်ဆောင်ပေးချင်လာမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၂၅)နှစ်အရွှွယ် ရှိနေပြီဖြစ်တဲ့ ကိုးမန်းဟာ ပီအက်စ်ဂျီ လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီမှာ နေရာမရလို့ ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဂျုဗီမှာလည်း သူရဲ့ပွဲကစားခွင့်တွေ နည်းပါးတာကြောင့် ဘိုင်ယန်အသင်းဆီ (၂)ရာသီအငှားနဲ့ ရောက်ရှိလာခဲ့ရာကနေ နောက်ဆုံးမှာတော့ ဘိုင်ယန်ုကို အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ UEFA Nations League ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်နဲ့လည်း သူရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ဖူးသလို ဘွန်ဒစ်လီဂါဖလားကိုလည်း (၆)နှစ်ဆက်တိုက်အထိကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။