၂၀၂၂-၂၀၂၃ ဘောလုံးရာသီကတော့ စတင် ကျင်းပနေခဲ့တာ အခုဆိုရင် ပွဲစဉ်(၁၀)ဝန်းကျင်လောက်ကို ရောက်နေခဲ့ကြပါပြီ။ ဒီအချိန်မှာ အသင်းတိုင်းနီးပါးက ရှုံးပွဲတွေ ကြုံတွေ့ထားခဲ့ရပေမယ့် အသင်း(၄)သင်းကတော့ အခုအချိန်ထိကို ရှုံးပွဲ လုံးဝမရှိသေးပဲနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေပါတယ်။ ဒီအသင်းတွေကတော့

အတ္တလန်တာ

Image

စီးရီးအေကလပ် အတ္တလန်တာအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ လုံးဝကို ရှုံးပွဲမရှိသေးတဲ့ အသင်း(၂)သင်းထဲက တစ်သင်းဖြစ်ပါတယ်။ တိုက်စစ်က မယ်မယ်ရရ စွမ်းဆောင်ထားတာမျိုး မရှိပေမယ့်လည်း ခံစစ်ကတော့ လာဇီယိုပြီးရင် ဒုတိယ အကောင်းဆုံး ခံစစ်မျိုး ဖြစ်နေရပါတယ်။ လက်ရှိမှာတော့ အတ္တလန်တာဟာ စီးရီးအေ (၁၀)ပွဲကစား (၇)ပွဲနိုင်ပြီး (၃)ပွဲကို သရေကျထားခဲ့ပါတယ်။

နာပိုလီ

Image

အတ္တလန်တာလိုပဲ ဒီရာသီ စီးရီးအေမှာ လုံးဝ ရှုံးပွဲမရှိသေးတဲ့ အသင်းကတော့ နာပိုလီပါ။ ချန်ပီယံလိဂ်မှာရော စီးရီးအေမှာပါ အားလုံးက လက်ဖျားခါလောက်အောင် form အကောင်းဆုံး ဖြစ်နေတဲ့ နာပိုလီဟာ စီးရီးအေပြိုင်ပွဲအတွင်း (၁၀)ပွဲ ကစားထားပြီးချိန် (၈)ပွဲထိ အနိုင်ရထားပြီး (၂)ပွဲသာ သရေကျထားခဲ့သလို တိုက်စစ်က သွင်းဂိုး (၂၅)ဂိုးတောင် သွင်းယူထားခဲ့ပါတယ်။ ဒါ့အပြင် နာပိုလီဟာ နောက်ဆုံးကစားထားတဲ့ စီးရီးအေ(၅)ပွဲဆက်တိုက်ထိ နိုင်ပွဲဆက်ထားသေးတာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီ

လီဂူးဝမ်းရဲ့ အင်အားအကြီးဆုံး အသင်းကြီး ပီအက်စ်ဂျီဆိုရင်လည်း ဒီရာသီမှာ မက်ဆီ နေမာ ဘာပေတို့ရဲ့ တိုက်စစ်အတွဲအဖက်ရဲ့ ဂိုးမြူးနေမှုကြောင့် လီဂူးမှာ (၁၁)ပွဲ ကစားထားပြီးချိန် (၉)ပွဲ အနိုင်ရထားခဲ့ပြီး (၂)ပွဲသာ သရေကျထားခဲ့ပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား (၃)ဦးက အသင်းရဲ့ စုစုပေါင်း သွင်းဂိုး (၂၉)ဂိုးမှာ (၂၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ထိ ခြေစွမ်းပြထားခဲ့သလို ခံစစ်ကလည်း (၁၁)ပွဲအတွင်းမှာ (၅)ဂိုးသာ ခွင့်ပြုထားရပါတယ်။

ရီးယဲလ်မက်ဒရစ်

Image

ပြီးခဲ့တဲ့ရာသီမှာ အအောင်မြင်ဆုံးအသင်း ဖြစ်ခဲ့ရတဲ့ ရီးယဲလ်ဟာ ဒီရာသီ လာလီဂါမှာ ပြင်ဆင်မှု အားကောင်းထားတဲ့ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာနဲ့ အပြိုင်ပြန်ဖြစ်ရတော့မယ်လို့ ထင်ခံရပေမယ့် နှစ်သင်းထိပ်တိုက် တွေ့ဆုံချိန်မှာ (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူခဲ့သလို (၁)ပွဲ ကစားထားပြီးချိန်မှာလည်း အိုဆာဆူနာ တစ်သင်းတည်းကိုသာ သရေကျထားပြီး ကျန်ပွဲတွေအကုန် အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်ဟာ ချန်ပီယံလိဂ်မှာလည်း သရေပွဲတစ်ပွဲသာ ရှိထားတဲ့အထိ သူတို့ရဲ့ form က အကောင်းဆုံး အနေအထားမှာ ရှိနေရပါတယ်။