MySport Myanmar

မန်စီးတီးနဲ့ ရှက်ဖီးလ် အပါအဝင် စနေနေ့ည ပွဲကောင်းတွေ အတွက် ပွဲကြို သုံးသပ်ချက်

ကဲ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းခဲ့တဲ့ ဥရောပညချမ်းတွေ အပြီးမှာ အလှည့်ကျလာတာက အင်္ဂလန်ရဲ့ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲ ဖြစ်တဲ့ အက်ဖ်အေပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ ဒီညမှာ မန်ချက်စတာ စီးတီးနဲ့ ရှက်ဖီးလ် ယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ရှိသလို ဥရောပဝင်ခွင့် အတွက် အဆုံးအဖြတ် ပေးမယ့် လီဗာပူးနဲ့ နော်တင်ဟမ် ဖောရက်စ်တို့လို ပွဲစဉ်တွေလည်း ရှိနေပါသေးတယ်။ ကဲ ကျွန်တော်တို့ရဲ့ ပွဲကြို သုံးသပ်ချက်လေးကို စလိုက်ရအောင်ဗျာ။

Photo Credit: Standard

လီဗာပူးနဲ့ နော်တင်ဟမ် (ည ၈နာရီခွဲ)

လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူထားပြီး သူတို့အသင်းရဲ့ ရလဒ်ဆိုးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၁ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပေမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကို သရေကစားခဲ့ကာ မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်လို ခြေစွမ်း အရမ်းကောင်းနေတဲ့ အသင်းတွေကိုပဲ ရှုံးခဲ့တာပါ။

တဖက်မှာ နော်တင်ဟမ် ဖောရက်စ်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၄ပွဲ ရှုံးနိမ့်ထားသလို အဝေးကွင်းခြေကလည်း အတော်လေးကို အားနည်းနေပါတယ်။ နော်တင်ဟမ် ဖောရက်စ်က တန်းမဆင်းရအောင် ပွဲတိုင်းမှာ အားကုန်ထုတ် ကစားနေပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားကြောင့် လုပ်ရကိုင်ရ ခက်နေပါတယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် လီဗာပူးကပဲ ဂိုးပြတ်နိုင်ပွဲ တပွဲ ထပ်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၃-၀ နော်တင်ဟမ်

Photo Credit: The Analyst

မန်စီးတီးနဲ့ ရှက်ဖီးလ် (ည ၁၀နာရီ ၁၅မိနစ်)

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ် ၁-၁ မန်စီးတီး ပွဲအပြီးမှာ သူ့အသင်းက အတော်လေး ပွဲပန်းနေပြီလို့ ထုတ်ပြောခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက လာမယ့် ကြားရက်ထဲမှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အရေးပါတဲ့ပွဲကို ကစားရပါဦးမယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ဂွာဒီယိုလာက ဟာလန်း ၊ ဒီဘရိုင်းတို့လို အဓိက ကစားသမားတွေကို အနားပေးကာ အယ်ဗာရက်ဇ် ၊ ဖိုဒန်တို့လို ပွဲထွက်ခွင့် နည်းနေတဲ့ ကစားသမားတွေကို ထုတ်သုံးလာပါလိမ့်မယ်။

ရှက်ဖီးလ် ယူနိုက်တက်ကတော့ ဒီရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာကို သိမ်းပိုက်ထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တိုက်ရိုက် တန်းတက်ခွင့် ရဖို့ နီးစပ်နေပါတယ်။ ဒါ့အပြင် ရှက်ဖီးလ် ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲမှာ ၁ပွဲထဲသာ ရှုံးနိမ့်ထားကာ ၆ပွဲ အထိ အနိုင်ရထားပါတယ်။

ရှက်ဖီးလ် ယူနိုက်တက်က ပရီးမီးယားလိဂ် အတွေ့အကြုံရှိ အသင်း တသင်း ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးကို ယှဉ်ကစားနိုင်စွမ်း ရှိပေမယ့် အဝေးကွင်းမှာ မန်ချက်စတာ စီးတီးကို အနိုင်ရလောက်တဲ့ အထိ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ဖလား ၃လုံး မျှော်လင့်ချက်ကို အသက်သွင်းမယ့် အိမ်ရှင် မန်ချက်စတာ စီးတီးကိုပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ ရှက်ဖီးလ်

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

ဖူလ်ဟမ် ၂-၀ လိဒ်ယူနိုက်တက်

ဘရန့်ဖို့ဒ် ၁-၂ ဗီလာ

ပဲလေ့စ် ၂-၁ အဲဗာတန်

လက်စတာ ၁-၁ ဝုလ်ဗ်

Exit mobile version