MySport Myanmar

ကင်စလေ ကိုးမန်းကို အငှားနဲ့ ခေါ်ယူသွားဖို့ စဉ်းစားနေတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ် ဘယ်တောင်ပံကစားသမား ကင်စလေ ကိုးမန်းကို အငှားခေါ်ယူမှုနဲ့ ခေါ်ယူသွားဖို့အတွက် စဉ်းစားလျက် ရှိနေတယ်လို့ ဂျာမနီအခြေစိုက် Blid ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးအသင်းက ဒီနွေမှာ City Football Group အပိုင် ကလပ်အသင်းဖြစ်တဲ့ ထရွိုင်စ်က ဘရာဇီးလ် ညာတောင်ပံကစားသမား ဆာဗီယို တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပြီး လက်ရှိမှာတော့ တိုက်စစ်ကစားသမား ယူလီယန် အဲလ်ဗာရက်ဇ်ကို အသက်လက်တီကိုအသင်းဆီ ရောင်းချသွားရတော့မှာ ဖြစ်လို့ ဘယ်တောင်ပံရော ညာတောင်ပံရောနဲ့ နောက်ချန်တိုက်စစ်ပါ ကစားဖူးတဲ့ ကိုးမန်းကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Goal

 

တန်ကြေး ယူရို သန်း(၅၀)လောက်အထိ တန်ကြေးရှိတဲ့ အသက် (၂၈)နှစ်အရွယ် ပြင်သစ် တောင်ပံကစားသမား ကိုးမန်းဟာ ဂွာဒီယိုလာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့ချိန်ကတည်းက အသင်းဆီ ခေါ်ယူပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘိုင်ယန်အတွက် အကောင်းဆုံး အကျိုးပြုနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

လက်ရှိ ဘိုင်ယန်မှာ ဆာနေး ဂနာဘရီ အိုလီဆေး ကိုးမန်းဆိုပြီး တောင်ပံကစားသမားတွေ များပြားနေခြင်းအပေါ် ဘိုင်ယန်ဘက်က ကစားသမား လျှော့ချသွားချင်နေကာ ကိုးမန်းကိုလည်း အသင်းကနေ ရှင်းထုတ်သွားချင်ပါတယ်။

Photo Credit : Transfermarket

ကိုးမန်းရဲ့ အေးဂျင့်ဖြစ်သူကလည်း ဘာစီလိုနာအသင်း အပါအဝင် ကလပ်အသင်းတချို့နဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားပြီး သူ့ကစားသမားကို အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့တယ်လို့ Sky Germany သတင်းမီဒီယာကနေ သတင်းဖော်ပြထားခဲ့ပါတယ်။

လက်ရှိမှာ မန်စီးတီးကလည်း ကိုးမန်းကို အငှားနဲ့ ခေါ်ယူသွားဖို့ စဉ်းစားနေပြီး ကိုးမန်းဟာ အဲလ်ဗာရက်ဇ်နေရာအတွက် တိုက်ရိုက် အစားထိုးမှုတော့ မဖြစ်လာနိုင်ပေမယ့် ကိုးမန်းလို တိုက်စစ်အရည်အသွေးမြင့်တဲ့ ကစားသမားမျိုးကို အသင်းဆီ ခေါ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာကလည်း နီကို ဝီလီယံစ်ကို ရဖို့ မလွယ်တာကြောင့် ကိုးမန်းကို ခေါ်ယူသွားဖို့ ချိန်ရွယ်နေပါတယ်။

Exit mobile version