မန်ချက်စတာ စီးတီးအသင်းကတော့ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား မာသီးယပ်စ် နူးနက်စ်ကို ယူရို သန်း (၆၀)နဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် အခြေအနေ ကောင်းလာရပြီလို့ သိရှိရပါတယ်။
မန်စီးတီးက ကွင်းလယ်ပိုင်းအတွက် ကိုဗာဆစ်အပြင် နောက်ထပ် ကွင်းလယ်လူ တစ်ဦးပါ ထပ်မံ ခေါ်ယူရမယ့် အခြေအနေ ဖြစ်လာတာကြောင့် အက်ဇီ နဲ့ နူးနက်စ်တို့ကို ပစ်မှတ်ထားလာရင်း နောက်ဆုံးမှာတော့ စပို့တင်း လစ္စဘွန်း ကစားသမားဟောင်း နူးနက်စ်ကိုသာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပါတယ်။
Photo Credit : Goal
စီးတီးက နူးနက်စ်ကို ယူရို (၅၅)သန်းတန် package နဲ့ ကမ်းလှမ်းမှုတစ်ရပ် စတင် လုပ်ဆောင်လာခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းချက်ကို ဝုလ်ဗ်ဘက်က ပယ်ချထားတာကြောင့် ယူရို သန်း(၆၀)အထိ တိုးမြှင့် ကမ်းလှမ်းထားရာ အခုဆိုရင် အပြောင်းအရွှေ့ ဖြစ်လာဖို့ အခြေအနေတွေ ကောင်းလာနေပြီ ဖြစ်ပါတယ်။
ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ မန်စီးတီး နဲ့ ဝုလ်ဗ်အသင်းတို့ဟာ မာသီးယပ်စ် နူးနက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေက နောက်ဆုံးအဆင့်ထိ ရောက်ရှိနေပြီလို့လည်း သိရှိရပါတယ်။
Photo Credit : Football365
မန်စီးတီးဟာ ဂွန်ဒိုဂန်ကို အလွတ်နဲ့ လက်လွတ်ထားရပြီး လက်ရှိမှာလည်း ဒီဘရိုင်းနားက ဒဏ်ရာကြောင့် လအတန်ကြာ အနားယူနေရချိန် နူးနက်စ်လို ကွင်းလယ် ကစားသမားတစ်ဦးကို အရ ခေါ်ယူချင်နေပြီး နူးနက်စ်ကလည်း စီးတီးဆီ ပြောင်းရွှေ့ဖို့ လက်ခံထားကာ personal agreed လည်း ရရှိထားပါတယ်။
စီးတီးက ဒီနွေမှာ ချယ်လ်ဆီး ကွင်းလယ်လူ ကိုဗာဆစ် ၊ လိုက်ပစ်ဇစ် နောက်ခံလူ ဂဗာဒီယိုလ် နဲ့ ရန်းစ် တောက်ပံ ကစားသမား ဒိုကူတို့ကို ခေါ်ယူထားပြီး ဒီနွေရဲ့ နောက်ဆုံးသော ကစားသမားသစ် ခေါ်ယူမှုအဖြစ်နဲ့လည်ူး နူးနက်စ်ကို ဝုလ်ဗ်ကနေ အရ ခေါ်ယူဖွယ် ရှိနေပါတယ်။