MySport Myanmar

ဘာပေရဲ့ အေးဂျင့်တွေထဲကမှ အေးဂျင့်တစ်ဦးနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေရဲ့ အေးဂျင့်တစ်ဦးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စပိန်သတင်းမီဒီယာ Cadena SER ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမား အမ်ဘာပေက ဒီရာသီအပြီးမှာ သူနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲက စာချုပ်သက်တမ်းကလည်း ကုန်ဆုံးတော့မှာဖြစ်ပြီး 1 year option ကိုရော နောက်ထပ် စာချုပ်သစ်ကိုပါ ဘာပေဘက်က အကုန် ငြင်းဆန်ထားကာ အသင်းကနေပဲ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာပေဟာ သူ့အနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အသင်းဥက္ကဌ အယ်လ်ခါလိုင်ဖီထံ အသိပေးခဲ့သလို ကြာသပတေးနေ့ကဆိုရင်လည်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါသေးတယ်။

အခုလို ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ့် ပီအက်စ်ဂျီဟာ လာမယ့်နွေမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ အလွန် နီးစပ်နေရပေမယ့်လည်း စပိန် နာမည်ကျော် ရေဒီယိုဖြစ်တဲ့ Cadena SER ကနေ ထုတ်ပြန်ချက်အရ မန်စီးတီးအသင်းကပါ ဘာပေကို ချဉ်းကပ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Credit : Prosport

ဘာပေက နွေမှာ အပြောင်းအရွှေ့ လုပ်ဆောင်ဖို့အတွက် အဓိက ကိုယ်စားလှယ် (၃)ဦးကို တာဝန်ပေးထားခဲ့ပြီး အခုလို အသင်းကနေ ထွက်ခွာမယ့် အသိမပေးခင် ရက်ပိုင်းအတွင်းမှာပဲ မန်စီးတီးအသင်းက ဘာပေ ကိုယ်စားလှယ်တွေထဲကမှ ကိုယ်စားလှယ်တစ်ဦးနဲ့ မန်ချက်စတာမြို့မှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Cadena SER ရေဒီယိုက ဖော်ပြလာပါတယ်။

လက်ရှိ အချိန်ထိက ဘာပေကို ခေါ်ယူဖို့ ရီးယဲလ်အသင်းကသာ အလားအလာ အကောင်းဆုံး ဖြစ်နေတယ် ဆိုပေမယ့်လည်း ဘာပေလို ကစားသမားကို ခေါ်ယူနိုင်မယ့် အသင်းတွေထဲမှာ မန်စီးတီးလည်း ပါဝင်နိုင်တာကြောင့် ဘာတွေ ဆက်ဖြစ်မလာမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါမယ်။

Exit mobile version