MySport Myanmar

ဆော်ဒီကလပ်တွေ စိတ်ဝင်စားနေတဲ့ ဒီဘရိုင်းကို ပေါင်သန်း(၁၀၀) သတ်မှတ်လိုက်တဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ ဆော်ဒီထိပ်သီး ကလပ်အသင်းတွေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတဲ့ ကွင်းလယ် ဖန်တီးရှင် ကစားသမား ကယ်လ်ဗင် ဒီဘရိုင်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း(၁၀၀)အထိ တန်ကြေး သတ်မှတ်ထားတယ်လို့ သ်ိရပါတယ်။

ဆော်ဒီကလပ်အသင်းတွေက ဒီနှစ်ဘောလုံးရာသီရဲ့ နွေဈေးကွက်အတွင်းမှာ ဥရောပ ဘောလုံးနယ်ပယ်က ထိပ်တန်းကစားသမား အများစုကို ခေါ်ယူခဲ့ပြီး မန်စီးတီးအသင်းဆိုရင်လည်း အသင်းရဲ့ ဝါရင့် တောင်ပံကစားသမား မာရက်ဇ်ကိုပါ ဆော်ဒီကလပ် အယ်လ်အာလီအသင်းဆီ ရောင်းချခဲ့ရပါသေးတယ်။

Photo Credit : Arab News

ဒါ့အပြင် လာမယ့်နွေမှာလည်း ဆော်ဒီကလပ်တွေက ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ကက်စီမဲရိုး ဗာရန်း ဆွန်ဟောင်မင် ဆာလာ ဒီဘရိုင်းတို့ကို ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး သူတို့ရဲ့ ဆော်ဒီလိဂ်ကို ကမ္ဘာက ပိုမို စိတ်ဝင်စားလာအောင် ဆောင်ရွက်သွားဖွယ် ရှိနေပါတယ်။

ဆော်ဒီထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ အယ်လ်ဟီလာ အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်တို့တွေက မန်စီးတီးအသင်းရဲ့ အမာခံ ကွင်းလယ်လူ ဒီဘရိုင်းကို သူတို့အသင်းတွေဆီ ခေါ်ဆောင်သွားချင်နေပြီး မန်စီးတီးကလည်း ဒီဘရိုင်းနေရာအတွက် ကစားသမား အစားထိုးဖို့ သေချာစဉ်းစားနေပြီပဲ ဖြစ်ပါတယ်။

 

Photo Credit : Clutch Points

အသက် (၃၂)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး မန်စီးတီးကတော့ လာမယ့်နွေမှာပဲ ဒီဘရိုင်းကို ပြောင်းရွှေ့ကြေးများစွာနဲ့အတူ အသင်းကနေ ရောင်းချသွားဖွယ် ရှိနိုင်ပါတယ်။

မန်စီးတီးက သူတို့ကစားသမားကို ခေါ်ချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)နဲ့ ကမ်းလှမ်းလာမှ လက်ခံသွားဖို့ ရှိနေပြီး ဒီဘရိုင်းနား နေရာအတွက်ကိုတော့ လေဗာကူဆင်အသင်းရဲ့ ဂျာမနီ ကြယ်ပွင့်ကစားသမားလေး ဂျူလီယန် ဗက်ဇ်ကို အစားထိုး ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Exit mobile version