မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး အာလင်းဟာလန်းက ဒီနေ့ည ဆင်နွဲသွားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ သူ့ကို ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက တားဆီးလို့ ရနိုင်မှာ မဟုတ်ကြောင်း သတိပေး ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Erling Haaland reckons he's 'unstoppable' at times as he prepares to face Man Utd

Photo Credit : The Sun

ဒီနေ့ညမှာ မန်စီးတီးအသင်းရဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဟာ မန်စီးတီးရဲ့ဂိုးသွင်းစက် ဟာလန်းနဲ့ ယူနိုက်တက်ခံစစ်က မာတီနက်ဇ် ဗာရန်းတို့ရဲ့ အားပြိုင်မှုကို စောင့်ကြည့်ရမယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နော်ဝေတိုက်စစ်မှူး ဟာလန်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၁၁)ဂိုးထိတောင် သွင်းယူထားနိုင်သလို ယူနိုက်တက် ခံစစ်မှူးတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့ကလည်း နောင်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက် ပေးဂိုး(၂)ဂိုး clean sheet (၂)ပွဲရအောင် ကစားထားနိုင်ခဲ့တာကြောင့်ပါပဲ။

Photo Credit : The Sun

ဒီလို အခြေအနေမျိုး ရှိနေပေမယ့်လည်း မန်စီးတီးအတွက် နောက်ဆုံး(၇)ပွဲဆက်တိုက်အထိ ဂိုးတွေ သွင်းယူထားနိုင်တဲ့ ဟာလန်းက သူ့ကို ဘယ်သူ့မှ တားဆီးနိုင်မှာ မဟုတ်ကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။ ရက်ဘူးဆာလ်ဇ်ဘာ့ဂ် ဒေါ့မွန်အသင်းတွေမှာ တောက်ပခဲ့တဲ့ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့အတူ နယ်မြေသစ်ကို ရောက်ရှိလာချိန်မှာလည်း သူရဲ့တောက်ပမှုတွေက ပိုမို အားကောင်းလာခဲ့ရသလို အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲ ကစားပြီးချိန်မှာလည်း စုစုပေါင်း သွင်းဂိုး(၁၄)ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ ကစားဟန်နဲ့ လုံးဝ အံ့ဝင်ခွင်ကျ ဖြစ်နေတယ်လို့ ယူဆလို့ မရသေးပေမယ့်လည်း ဟာလန်းကိုယ်တိုင်က အသင်းရဲ့ကစားဟန်နဲ့ suit ဖြစ်နိုင်အောင် ကြိုးစား ကစားနေရင်းနဲ့ပဲ ဂိုးတွေ သွင်းယူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ နဂိုကတည်းက ဂိုးသွင်းအားကောင်းတဲ့ ဟာလန်းက မန်စီးတီးမှာ ဒီဘရိုင်းနား ဘာနာဒိုဆေးလ်ဗားတို့လို ပံ့ပိုးမှုကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဖက် ကစားရချိန်မှာတော့ သူရဲ့ ဂိုးသွင်းအားက ပိုကောင်းလာခဲ့ရပြီး အခုလည်း မန်ချက်စတာဒါဘီမှာပါ မြို့ခံပြိုင်ဘက် အသင်းဘက်ကို ဂိုးတွေ ဆက်လက် သွင်းယူနိုင်ဖွယ် ရှိနေရပါတယ်။