စပါး ကြင္းလယ္လူ အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းနဲ႔ ေဆးစစ္ဖုိ႔အတြက္ အီတလီႏုိင္ငံကုိ ေရာက္ရွိသြားခဲ့ၿပီ ျဖစ္တာေၾကာင့္မုိ႔ မၾကာခင္ ေပါင္ (၁၇.၅) သန္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္တယ္လုိ႔ DailyMail သတင္းက ေဖာ္ျပသြားခဲ့ပါတယ္။ ကြင္းလယ္လူ အဲရစ္ဆင္ဟာ လက္ရွိရာသီကုန္ရင္ စပါးအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မွာ ျဖစ္ၿပီး စပါးအသင္းနဲ႔ စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ဖုိ႔ ဆႏၵ မရွိတဲ့ အတြက္ေၾကာင့္ စပါးအသင္းကေန အင္တာမီလန္အသင္းကို ေျပာင္းသြားေတာ့မွာ ျဖစ္ပါတယ္။

Photo Credit: DailyMail

အင္တာမီလန္အသင္းဟာ စပါးကြင္းလယ္လူ အဲရစ္ဆင္ကုိ အရင္ လြန္ခဲ့တဲ့ လေတြကတည္းက ေခၚယူဖုိ႔ ႀကိဳးစားခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိသြားၿပီ ျဖစ္တယ္လုိ႔ DailyMail က ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ ကြင္းလယ္လူ အဲရစ္ဆင္ကုိ ဇန္နဝါရီလ အေျပာင္းအေရြ႕ ေစ်းကြက္မပိတ္ခင္ ေခၚယူခ်င္တာေၾကာင့္ စပါးအသင္း ေတာင္းဆုိထားတဲ့ ေျပာင္းေရြ႕ေၾကး ေပါင္ (၁၇.၅) သန္းနဲ႔ ေခၚယူႏုိင္ဖုိ႔အတြက္ ေမွ်ာ္လင့္လ်က္ ရွိပါတယ္။

Photo Credit: DailyMail

အဲရစ္ဆင္ဟာ စေနေန႔က ေဆာက္သမ္တန္အသင္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ အက္ဖ္ေအ ဖလား ပဲြစဥ္ကုိ အသင္းေဖာ္ေတြနဲ႔ အတူ သြားေရာက္ခဲ့ေပမဲ့ ပဲြထြက္ကစားခြင့္ မရခဲ့တဲ့ေနာက္ အသင္း ကေန ထြက္သြားဖုိ႔ ေသခ်ာသြားၿပီ ျဖစ္ပါတယ္။ အင္တာမီလန္ နည္းျပ ကြန္တီဟာ အဲရစ္ဆင္ မတုိင္ခင္ မန္ယူ ကစားသမား အက္ရွေလ ယန္းကုိ ေခၚယူခဲ့သလုိ၊ ခ်ဲလ္ဆီးအသင္းကေနလည္း ဗစ္တာ ေမာ္ဆက္စ္ကုိ အငွားနဲ႔ ေခၚယူခဲ့ၿပီး သူ႔ရဲ႕ အသင္းကုိ အင္အားျဖည့္လ်က္ ရွိေနပါတယ္။

(Unicode)

စပါး ကွင်းလယ်လူ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းနဲ့ ဆေးစစ်ဖို့အတွက် အီတလီနိုင်ငံကို ရောက်ရှိသွားခဲ့ပြီ ဖြစ်တာကြောင့်မို့ မကြာခင် ပေါင် (၁၇.၅) သန်းနဲ့ စာချုပ် ချုပ်ဆိုနိုင်တယ်လို့ DailyMail သတင်းက ဖော်ပြသွားခဲ့ပါတယ်။ ကွင်းလယ်လူ အဲရစ်ဆင်ဟာ လက်ရှိရာသီကုန်ရင် စပါးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး စပါးအသင်းနဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ ဆန္ဒ မရှိတဲ့ အတွက်ကြောင့် စပါးအသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းသွားတော့မှာ ဖြစ်ပါတယ်။

Photo Credit: DailyMail

အင်တာမီလန်အသင်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို အရင် လွန်ခဲ့တဲ့ လတွေကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားပြီ ဖြစ်တယ်လို့ DailyMail က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်ကို ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မပိတ်ခင် ခေါ်ယူချင်တာကြောင့် စပါးအသင်း တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေး ပေါင် (၁၇.၅) သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် မျှော်လင့်လျက် ရှိပါတယ်။

Photo Credit: DailyMail

အဲရစ်ဆင်ဟာ စနေနေ့က ဆောက်သမ်တန်အသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ်ကို အသင်းဖော်တွေနဲ့ အတူ သွားရောက်ခဲ့ပေမဲ့ ပွဲထွက်ကစားခွင့် မရခဲ့တဲ့နောက် အသင်း ကနေ ထွက်သွားဖို့ သေချာသွားပြီ ဖြစ်ပါတယ်။ အင်တာမီလန် နည်းပြ ကွန်တီဟာ အဲရစ်ဆင် မတိုင်ခင် မန်ယူ ကစားသမား အက်ရှလေ ယန်းကို ခေါ်ယူခဲ့သလို၊ ချဲလ်ဆီးအသင်းကနေလည်း ဗစ်တာ မော်ဆက်စ်ကို အငှားနဲ့ ခေါ်ယူခဲ့ပြီး သူ့ရဲ့ အသင်းကို အင်အားဖြည့်လျက် ရှိနေပါတယ်။