ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းပါ ကုန်ဆုံးတော့မယ့် နောက်ခံကစားသမား ခရစ္စတန်ဆန်ကတော့ အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ အသင်းသစ် တစ်သင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်ကူးထားပေမယ့်လည်း ချယ်လ်ဆီးအသင်းပေါ်မှာ လေးစားသမှုကြောင့် ပြည်တွင်းလပ်အသင်းတွေဆီကို ပြောင်းရွှေ့မှာ မဟုတ်ပဲ ပြည်ပကလပ်အသင်းတွေဆီကိုသာ ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : SportsMole

အသက်(၂၅)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ခရစ္စတန်ဆန်ဟာ ၂၀၁၂ခုနှစ်ကတည်းက ချယ်လ်ဆီး လူငယ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာပဲ စီနီယာအသင်းအတွက် ပထမဆုံး ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၅ခုနှစ်ကနေ နောက်ထပ်(၂)နှစ်အကြာထိ မိုချန်ဂလာဘတ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ခရစ္စတန်ဆန်ဟာ လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ အဓိက နောက်ခံလူတစ်ဦး ဖြစ်လာခဲ့ပေမယ့်လည်း သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို သူကိုယ်တိုင်ကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ဒီကစားသမားကို ဥရောပ ကလပ်အသင်းတွေအပြင် ပရီးမီးယားလိဂ် အသင်းတွေကနေပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : ESPN

လက်ရှိမှာ ခရစ္စတန်ဆန်ဟာ ချယ်လ်ဆီးအသင်းနဲ့ (၆)လ သက်တမ်းလောက်သာ ကျန်ရှိနေတော့ပြီး ဆောင်းစျေးကွက်ထဲကိုလည်း ရောက်ရှိနေပြီဖြစ်လို့ ပြည်ပကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို အကြိုသဘော ဆွေးနွေးနိုင်ပြီ ဖြစ်ပေမယ့် သူ့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပါ အလိုရှိနေကြပြီး အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ခရစ္စတန်ဆန်ကတော့ သူရဲ့ချယ်လ်ဆီးအသင်းအပေါ် လေးစားမှု ထားရှိချင်တာကြောင့် ပရီးမီးယားလိဂ်က ဘယ်ကလပ်အသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချသွားမှာဖြစ်ပြီး ပြည်ပကလပ်အသင်းတွေကိုသာ ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ခရစ္စတန်ဆန်ကို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက အပြိုင်ကို စိတ်ဝင်စားနေကြပြီး ဒေါ့မွန်နဲ့ အသက်လက်တီကိုအသင်းတွေကပါ ခရစ္စတန်ဆန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပါတယ်။ ကစားသမားအနေနဲ့ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ သူပြောင်းရွှေ့လိုတဲ့ အသင်းတစ်သင်းကို မကြာခင်မှာပဲ ရွေးချယ်သွားမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။