MySport Myanmar

သူတို့ကို စာရင်းမသွင်းနိုင်ရင် ဘာစီလိုနာကနေ ပြန်ထွက်နိုင်တဲ့ ခရစ်တန်ဆန်နဲ့ ကတ်ဆီး

2022-07-08_VISITA MUSEU CHRISTENSEN i KESSIE_VICTOR

ယခု နွေဈေးကွက် အတွင်းမှာပဲ စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဆီ အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒိန်းမတ် ဗဟိုခံစစ်မှူး ခရစ်တန်ဆန်နဲ့ အိုင်ဗရီကို့စ် ကွင်းလယ်လူ ကတ်ဆီးတို့ဟာ ဘာစီလိုနာဘက်က သူတို့ကိုသာ ယခု စနေနေ့မတိုင်မီ အသင်းရဲ့ လူစာရင်းထဲ စာရင်းမသွင်းနိုင်ရင် အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဒိန်းမတ် လက်ရွေးစင် ဗဟိုခံစစ်မှူး ခရစ်တန်ဆန်က ချယ်လ်ဆီးကနေ ဘာစီလိုနာထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ တဦး ဖြစ်သလို အိုင်ဗရီကို့စ် ကွင်းလယ်လူ ကတ်ဆီးကလည်း သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့တဲ့ အေစီမီလန်ကို ငြင်းဆန်ပြီး ဘာစီလိုနာဆီ အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

Photo Credit: AS English

ဘာစီလိုနာက သူတို့နှစ်ဦးစလုံးကို အလွယ်တကူ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပေမယ့် သူတို့အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ယခုချိန်အထိ ခရစ်တန်ဆန်နဲ့ ကတ်ဆီးတို့ အပါအဝင် ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို အသင်းရဲ့ လူစာရင်းထဲ မထည့်သွင်းနိုင်သေးပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ခရစ်တန်ဆန်နဲ့ ကတ်ဆီးတို့ဟာ ဘာစီလိုနာဘက်ကသာ သူတို့ကို ယခုတပတ်မှာ ကစားမယ့် လာလီဂါ အဖွင့်ပွဲမတိုင်မီ အသင်းရဲ့ လူစာရင်းထဲ မထည့်ပေးရင် အသင်းကနေ ပြန်ထွက်ဖို့ စဉ်းစားနေကြပြီး နှစ်ဦးစလုံးရဲ့ စာချုပ်ထဲမှာ ဘာစီလိုနာက သူတို့ကို လာလီဂါ အဖွင့်ပွဲ မတိုင်မီ အသင်းရဲ့ လူစာရင်းထဲ မထည့်သွင်းနိုင်ရင် စာချုပ်ကို ပြန်လည် ဖျက်သိမ်းနိုင်တဲ့ အချက် ပါဝင်နေကြောင်း သိရပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ ဘာစီလိုနာက သူတို့ရဲ့ ကစားသမားသစ်တွေကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပေမယ့် အချိန်ကပ်နေပြီ ဖြစ်တာကြောင့် ကစားသမားသစ် အကုန်လုံးကို လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ခဲယဉ်းနေကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဖွင့်ဟ ဝန်ခံထားကြပါတယ်။

Exit mobile version