ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ဘန်လေ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ညာနောက်ခံလူ ကီရန်ထရစ်ပီယာကို အသက်လက်တီကိုမက်ဒရစ်အသင်းက ပြောင်းရွှေ့ ကြေး ပေါင်(၁၂)သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အခုလည်း ဘန်လေအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ခရစ္စဝုဒ်ကိုပါ ခေါ်ယူသွားဖို့ အခြေအနေကောင်းနေပြီဖြစ်ပြီး ဒီကနေ့မှာပဲ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Lancs Live
ပိုင်ရှင်အသစ်တွေနဲ့ လက်တွဲပြီးတဲ့နောက်ပိုင်း ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း တစ်သင်းဖြစ်လာခဲ့တဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိမှာ ရလဒ်ပိုင်းတွေ အလွန်ကို ဆိုးရွှားလွန်းနေတာကြောင့် အခု ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းအတွက် ကစားသမားသစ်တွေ အင်အားဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ညာခြမ်းခံစစ်နေရာအတွက် ထရစ်ပီယာကို ခေါ်ယူထားနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရတော့မယ့် တိုက်စစ်မှူး ကာလန်ဝီလ်ဆင်နေရာအတွက် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ နယူးဇီလန် တိုက်စစ်မှူးကြီး ခရစ္စဝုဒ်ကို အစားထိုး ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။
Photo Credit : Sky Sports
အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ နယူးဇီလန်လက်ရွေးစင် တိုက်စစ်မှူး ခရစ္စဝုဒ်ဟာ ဘန်လေအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၃)ဂိုး သွင်းယူထားနိုင်ပါတယ်။ ဝက်ဘရွန်း လိဒ်စ်ယူနိုက်တက် လက်စတာ ဘရိုက်တန်အစရှိတဲ့ အင်္ဂလန် ကလပ်အသင်းများစွာမှာ ကျင်လည်ခဲ့ဖူးတဲ့ ခရစ္စဝုဒ်ဟာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းလှတဲ့ တိုက်စစ်ကစားသမားဖြစ်ပြီး ဘန်လေအသင်းမှာလည်း ၂၀၁ရခုနှစ်ကတည်းက ပါဝင်ကစားနေတာ ဖြစ်ပါတယ်။ ၂၀၂၃ခုနှစ်မှာ ဘန်လေအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ခရစ္စဝုဒ်ကို နယူးကာဆယ်အသင်းကနေ ဝုဒ်ရဲ့ စာချုပ်လျော်ကြေးဖြစ်တဲ့ ပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းရဖွယ် ရှိနေပေမယ့်လည်း ပေါင်သန်း(၂၀)ဝန်းကျင်လောက်နဲ့သာ အပြောင်းအရွှေ့ အထမြောက်ဖို့ ရှိနေပြီး ဒီကနေ့မှာပဲ ဆေးစစ်မှုတွေ ခံယူကာ စနေနေ့ည ဝက်ဖိုဒ့်အငသင်းနဲ့ ရင်ဆိုင်သွားရမယ့် ဝက်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း နယူးကာဆယ်အတွက် စတင်ပါဝင်ရဖွယ် ရှိနေပါတယ်။