ယူနိုက္တက္အသင္းရဲ့ ေတာက္ပလာမယ့္ လူငယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ လူငယ္ေတာင္ပံ ကစားသမား တာဟစ္ေခ်ာင္ကေတာ့ လက္ရွိ ေဘာလုံးရာသီအကုန္မွာပဲ အဂၤလန္ကို စြန႔္ခြာကာ အီတလီရပ္ဝန္းကို ေျပာင္းေရႊ႕ဖို႔အတြက္ လုပ္ေဆာင္ ေနၿပီလို႔ အီတလီသတင္းစာေတြက ေဖာ္ျပေနၾကပါတယ္။

Photo Credit: Metro.com

အသက္၂၀အရြယ္ ရွိေနၿပီျဖစ္တဲ့ ေခ်ာင္ ဟာ လက္ရွိေဘာလုံးရာသီကုန္ဆုံးခ်ိန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး လက္ရွိမွာ ယူနိုက္တက္အသင္းဘက္က ကမ္းလွမ္းမွုေတြ ျပဳလုပ္ေနေပမယ့္ တာဟစ္ေခ်ာင္ဘက္ကေတာ့ အဆိုပါကမ္းလွမ္းမွုေတြကို ဆက္တိုက္ဆိုသလို ပယ္ခ်ေနၿပီး အသင္းေျပာင္းဖို႔ ဆုံးျဖတ္ေနၿပီလို႔ နီးစပ္သူ အသိုင္းအဝိုင္းကလည္း ဆိုထားၾကပါတယ္။

Photo Credit: Metro.com

ကနဦးမွာ တာဟစ္ေခ်ာင္ဟာ စီးရီးေအ ထိပ္သီးအသင္းျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းထံကို ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမွု ရခဲ့ၿပီးၿပီလို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ယမန္ေန႔မွာေတာ့ တာဟစ္ေခ်ာင္ရဲ့ ေအးဂ်င့္ျဖစ္သူကို အင္တာမီလန္အသင္းရဲ့ ႐ုံးမွာ ေတြ႕ခဲ့ရတာေၾကာင့္ တာဟစ္ေခ်ာင္ဟာ အင္တာမီလန္ထံကို ေျပာင္းေရႊ႕ဖို႔အတြက္ ေဆြးေႏြးမွုေတြ လုပ္ေနၿပီ လို႔လည္း သိထားရပါတယ္။

Photo Credit: Metro.com

ထြက္ေပၚေနတဲ့သတင္းေတြအရ ေခ်ာင္ ဟာ ယူနိုက္တက္အသင္းကို စြန႔္ခြာဖို႔ ေသခ်ာေနသလို အသင္းေျပာင္းေရႊ႕ရာမွာလည္း စီးရီးေအ အသင္းေတြျဖစ္တဲ့ အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္ ႏွစ္သင္းထဲက တစ္သင္းကို ေရြးခ်ယ္ဖို႔အတြက္ ရွိေနပါတယ္။ ေဘာလုံးကၽြမ္းက်င္သူေတြက ေခ်ာင္ ဟာ ဂ်ဴဗင္တပ္အသင္းထက္ အင္တာကို ေရြးခ်ယ္ဖို႔ရွိေနတယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။

ယူနိုက်တက်အသင်းရဲ့ တောက်ပလာမယ့် လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ လူငယ်တောင်ပံ ကစားသမား တာဟစ်ချောင်ကတော့ လက်ရှိ ဘောလုံးရာသီအကုန်မှာပဲ အင်္ဂလန်ကို စွန့်ခွာကာ အီတလီရပ်ဝန်းကို ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင် နေပြီလို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။

Photo Credit: Metro.com

အသက်၂၀အရွယ် ရှိနေပြီဖြစ်တဲ့ ချောင် ဟာ လက်ရှိဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိမှာ ယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းမှုတွေ ပြုလုပ်နေပေမယ့် တာဟစ်ချောင်ဘက်ကတော့ အဆိုပါကမ်းလှမ်းမှုတွေကို ဆက်တိုက်ဆိုသလို ပယ်ချနေပြီး အသင်းပြောင်းဖို့ ဆုံးဖြတ်နေပြီလို့ နီးစပ်သူ အသိုင်းအဝိုင်းကလည်း ဆိုထားကြပါတယ်။

Photo Credit: Metro.com

ကနဦးမှာ တာဟစ်ချောင်ဟာ စီးရီးအေ ထိပ်သီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရခဲ့ပြီးပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယမန်နေ့မှာတော့ တာဟစ်ချောင်ရဲ့ အေးဂျင့်ဖြစ်သူကို အင်တာမီလန်အသင်းရဲ့ ရုံးမှာ တွေ့ခဲ့ရတာကြောင့် တာဟစ်ချောင်ဟာ အင်တာမီလန်ထံကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်နေပြီ လို့လည်း သိထားရပါတယ်။

Photo Credit: Metro.com

ထွက်ပေါ်နေတဲ့သတင်းတွေအရ ချောင် ဟာ ယူနိုက်တက်အသင်းကို စွန့်ခွာဖို့ သေချာနေသလို အသင်းပြောင်းရွှေ့ရာမှာလည်း စီးရီးအေ အသင်းတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ် နှစ်သင်းထဲက တစ်သင်းကို ရွေးချယ်ဖို့အတွက် ရှိနေပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေက ချောင် ဟာ ဂျူဗင်တပ်အသင်းထက် အင်တာကို ရွေးချယ်ဖို့ရှိနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။