အသင္းငယ္ေတြနဲ႔ စတမ္းဖုိဒ့္ဘရစ္ခ်္ကြင္းမွာ ရင္ဆုိင္ကစားရတဲ႔ ပရီးမီးယားလိဂ္ပြဲတုိင္းမွာ ရလဒ္တိမ္းေစာင္းမႈေတြနဲ႔ ရင္ဆုိင္ေနရတဲ႔ ခ်ယ္လ္ဆီးအသင္းကေတာ့ ဒီေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္(၂၂)အျဖစ္ ေနာက္ပုိင္းပြဲေတြမွာ ရလဒ္ပုိင္းဆုိးရႊားလုိ႔ေနတဲ႔ ဘန္ေလအသင္းနဲ႔ အိမ္ကြင္းမွာ ရင္ဆုိင္ကစားခဲ႔ရၿပီး အိမ္ရွင္ခ်ယ္လ္ဆီးက ၃ဂုိး ဂုိးမရွိနဲ႔ ျပတ္သားစြာနုိင္ပြဲေတြ႕ခဲ႔ရပါတယ္။

Photo Credit : Getty Images

အိမ္ရွင္ခ်ယ္လ္ဆီးအသင္းကေတာ့ ပူလီဆစ္ ကန္တီတုိ႔လုိ အဓိက ကစားသမားေတြကုိ လူစာရင္းထဲမွာေတာင္ ထည့္သြင္းလာျခင္းမရွိပဲ ဘာကေလ ခရစၥတန္ဆန္ အုိဒြိဳင္းတုိ႔ကုိ ပြဲထြက္လူစာရင္းမွာ ေနရာေပးလာခဲ႔တဲ႔အျပင္ အသင္းေခါင္းေဆာင္ အက္စ္ပလီကြယ္တာကုိလည္း ဘယ္ျခမ္းမွာပဲ ထုတ္သုံးခဲ႔ၿပီး ညာမွာေတာ့ ရီစ္ဂ်ိမ္းစ္ကုိ အသုံးျပဳခဲ႔ပါတယ္။ က်န္တဲ႔ေနရာေတြမွာေတာ့ ေအဘရာဟမ္ ဝီလီယံ ေမဆန္ေမာင့္ ေဂ်ာ္ဂ်င္ဟုိ ရူဒီဂါ ကယ္ပါတုိ႔ကုိ အသုံးျပဳလာခဲ႔ပါတယ္။ အိမ္ရွင္အသင္းက ပထမပုိင္းပြဲခ်ိန္အေစာပုိင္းေတြမွာ ဖိအားေပးဆက္တုိက္ ျပဳလုပ္ႏုိင္ေပမယ့္ ဘန္ေလရဲ႕တန္ျပန္တုိက္စစ္ေတြကလည္း ခ်ယ္လ္ဆီးခံစစ္အတြက္ အလုပ္မ်ားခဲ႔ၿပီး ၁၈မိနစ္မွာ ရရွိခဲ႔တဲ႔ ဘန္ေလရဲ႕သြင္းဂုိးေတာင္ လူကြ်ံေနခဲ႔လုိ႔ အိမ္ရွင္တုိ႔ အသက္ရွေခ်ာင္ခဲ႔ရပါတယ္။ ဒါေပမယ့္ ခ်ယ္လ္ဆီး၂၇မိနစ္မွာ ပင္နယ္တီကန္ခြင့္ရရွိခဲ႔ၿပီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟုိက အမွားအယြင္းမရွိ သြင္းယူႏုိင္ခဲ႔တာေၾကာင့္ ပြဲကုိစတင္ဦးေဆာင္ခြင့္ရခဲ႔သလုိ ၃၈မိနစ္မွာလည္း ရီစ္ဂ်ိမ္းစ္ရဲ႕ျဖတ္တင္မႈကေနတစ္ဆင့္ ေအဘရာဟမ္ ေခါင္းတိုက္သြင္းယူခဲ႔ရာမွာ နစ္ပုဒ္ဖမ္းတာ မေသသပ္ခဲ႔လုိ႔ ၂ဂုိးျပတ္နဲ႔ ဦးေဆာင္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ပထမပုိင္းမွာကတည္းက ၂ဂုိးျပတ္နဲ႔ ျပတ္ျပတ္သားသား ဦးေဆာင္ႏုိင္ခဲ႔တဲ႔ ခ်ယ္လ္ဆီးအသင္းဟာ ဒုတိယပုိင္းမွာလည္း ဆက္လက္ဖိအားေပးထားႏုိင္ခဲ႔ၿပီး ၄၉မိနစ္မွာပဲ အက္စ္ပလီကြယ္တာရဲ႕ဘယ္ျခမ္းကေန ျဖတ္တင္ေဘာကေနတစ္ဆင့္ အုိဒြိဳင္းက တတိယဂုိးနဲ႔ ဒီႏွစ္ေဘာလုံးရာသီ သူရဲ႕ခ်ယ္လ္ဆီးအတြက္ ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂုိးကုိ သြင္းယူႏုိင္ခဲ႔ပါတယ္။ ဒုတိယပုိင္းလက္က်န္မိနစ္ ေတာ္ေတာ္မ်ားမ်ားမွာလည္း ခ်ယ္လ္ဆီးကပဲ ပြဲကုိစုိးမုိးထားႏုိင္ခဲ႔ေပမယ့္ သြင္းဂုိးေတာ့ထပ္မရယူႏုိင္ေတာ့ပဲ ခ်ယ္လ္ဆီးကသာ ၃ဂုိးျပတ္နဲ႔ ႏုိင္ပြဲရသြားခဲ႔ပါတယ္။

(Unicode)

အိမ်ကွင်းမှာ အသင်းငယ်တွေနဲ့ဆုံတိုင်း ရလဒ်ဆိုးနေမှုကနေ လွတ်မြောက်ခဲ့တဲ့ ချယ်လ်ဆီး

အသင်းငယ်တွေနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ရင်ဆိုင်ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ရလဒ်တိမ်းစောင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးအသင်းကတော့ ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၂)အဖြစ် နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းဆိုးရွှားလို့နေတဲ့ ဘန်လေအသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး အိမ်ရှင်ချယ်လ်ဆီးက ၃ဂိုး ဂိုးမရှိနဲ့ ပြတ်သားစွာနိုင်ပွဲတွေ့ခဲ့ရပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ချယ်လ်ဆီးအသင်းကတော့ ပူလီဆစ် ကန်တီတို့လို အဓိက ကစားသမားတွေကို လူစာရင်းထဲမှာတောင် ထည့်သွင်းလာခြင်းမရှိပဲ ဘာကလေ ခရစ္စတန်ဆန် အိုဒွိုင်းတို့ကို ပွဲထွက်လူစာရင်းမှာ နေရာပေးလာခဲ့တဲ့အပြင် အသင်းခေါင်းဆောင် အက်စ်ပလီကွယ်တာကိုလည်း ဘယ်ခြမ်းမှာပဲ ထုတ်သုံးခဲ့ပြီး ညာမှာတော့ ရီစ်ဂျိမ်းစ်ကို အသုံးပြုခဲ့ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ အေဘရာဟမ် ဝီလီယံ မေဆန်မောင့် ဂျော်ဂျင်ဟို ရူဒီဂါ ကယ်ပါတို့ကို အသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်အသင်းက ပထမပိုင်းပွဲချိန်အစောပိုင်းတွေမှာ ဖိအားပေးဆက်တိုက် ပြုလုပ်နိုင်ပေမယ့် ဘန်လေရဲ့တန်ပြန်တိုက်စစ်တွေကလည်း ချယ်လ်ဆီးခံစစ်အတွက် အလုပ်များခဲ့ပြီး ၁၈မိနစ်မှာ ရရှိခဲ့တဲ့ ဘန်လေရဲ့သွင်းဂိုးတောင် လူကျွံနေခဲ့လို့ အိမ်ရှင်တို့ အသက်ရှချောင်ခဲ့ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီး၂၇မိနစ်မှာ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့တာကြောင့် ပွဲကိုစတင်ဦးဆောင်ခွင့်ရခဲ့သလို ၃၈မိနစ်မှာလည်း ရီစ်ဂျိမ်းစ်ရဲ့ဖြတ်တင်မှုကနေတစ်ဆင့် အေဘရာဟမ် ခေါင်းတိုက်သွင်းယူခဲ့ရာမှာ နစ်ပုဒ်ဖမ်းတာ မသေသပ်ခဲ့လို့ ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာကတည်းက ၂ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာလည်း ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပြီး ၄၉မိနစ်မှာပဲ အက်စ်ပလီကွယ်တာရဲ့ဘယ်ခြမ်းကနေ ဖြတ်တင်ဘောကနေတစ်ဆင့် အိုဒွိုင်းက တတိယဂိုးနဲ့ ဒီနှစ်ဘောလုံးရာသီ သူရဲ့ချယ်လ်ဆီးအတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းလက်ကျန်မိနစ် တော်တော်များများမှာလည်း ချယ်လ်ဆီးကပဲ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပေမယ့် သွင်းဂိုးတော့ထပ်မရယူနိုင်တော့ပဲ ချယ်လ်ဆီးကသာ ၃ဂိုးပြတ်နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။